// | DailyBriefNews အနုပညာရှင်တွေက ပြင်းထန်တဲ့ငလျင်ဘေးသင့်ပြည်သူတွေအတွက် မုန့်လက်ဆောင်း အခမဲ့တိုက်ရင်းနဲ့ အလှူခံခဲ့ကြ -

အနုပညာရှင်တွေက ပြင်းထန်တဲ့ငလျင်ဘေးသင့်ပြည်သူတွေအတွက် မုန့်လက်ဆောင်း အခမဲ့တိုက်ရင်းနဲ့ အလှူခံခဲ့ကြ

ရုပ်သံဇာတ်လမ်းတွဲတွေက တစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တွေက ပြင်းထန်တဲ့ငလျင်ဘေးသင့်ပြည်သူတွေအတွက် မုန့်လက်ဆောင်း အခမဲ့တိုက်ရင်းနဲ့ အလှူခံခြင်းကို ယနေ့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေကျော်လမ်းမပေါ်ရှိ Mi Ko Ko Nail & Beauty Bar ရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

“မုန့်လက်ဆောင်း ကိုယ်တိုင်လုပ်ပြီးတော့ နေပူချိန်မှာ ရင်အေးအောင် အခမဲ့တိုက်ရင်းနဲ့ အလှူခံခဲ့ကြတာပါ။ ငလျင်ဘေးအတွက် စေတနာရှိသလောက် လှူရင်း မုန့်လက်ဆောင်း သုံးဆောင်နိုင်တဲ့အစီစဉ်လေးပါ။ ပါဝင်လှူဒါန်းလာတဲ့ ငွေကြေးတွေကို သေသေချာချာ ထိရောက်မယ့်နေရာကို သွားပြီး လှူဒါန်းကြမှာပါ။ ကျွန်တော်တို့က အရင် ရေဘေးတုန်းကလည်း ကိုယ်တတ်စွမ်း တတ်နိုင်တဲ့ဘက်က လှူဒါန်းကြတယ်။ ခုငလျင်ဘေးလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ အလှူလုပ်ဖို့ဖြစ်လို့ ရေသန့်ကတ်တွေ အသင့်စားမုန့်တွေ လာယူပေးကြတယ်။ ဒီအတွက်လည်း ပီတိဖြစ်ရပါတယ်။ ငလျင်ဘေးသင့်ပြည်သူတွေအတွက်ကတော့ ကိုယ့်အားပေးစကားဆိုတာထက် ပိုရင်တောင် ခံစားရသူတွေအတွက် တော်တော်ကြီးကို စိတ်မကောင်းပါဘူး”လို့ သရုပ်ဆောင် လပြည့်က ပြောပါတယ်။

အဆိုပါ အလှူကိုတော့ အနုပညာရှင်တွေဖြစ်ကြတဲ့ လပြည့်၊ ဖြိုးရာဇာနိုင်၊ မေမီကိုကို၊ မေပန်းချီ၊ စင်သီယာ၊ သျှား၊ ရွှန်းလဲ့ကိုကို၊ နေရည်ဝင်းလဲ့၊ ဆက်ယွန်းတွယ်တာ စတဲ့သူတွေလာရောက်ပြီး ပါဝင်အားဖြည့်ရင်း မုန့်လက်ဆောင်း လူ အယောက် ၁၀၀၀ စာ ကျွေးမွေးရင်း အလှူတွေ ခံပေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၃-၄-၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ