နိုင်ငံတစ်ဝန်း ငလျင်ပြင်းထန်စွာလှုပ်ခတ်
မြန်မာနိုင်ငံတစ်ဝန်းမှာ မတ်လ၂၈ရက်၊ နေ့လယ် ၁၂နာရီ ၅၂မိနစ်လောက်က အင်အားအလွန်ပြင်းထန်တဲ့ ပြင်းအားအဆင့် ၇,၇ ရှိတဲ့ ငလျင်ကြီးပြင်းထန်စွာ လှုပ်ခတ်သွားတယ်လို့ ပြည်သူတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။ အခုလှုပ်တဲ့ ငလျင်ကို မြန်မာနိုင်ငံနေရာအနှံ့ အပြားမှာ သိသိသာသာပြင်းထန်စွာ ခံစားလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြချက်အရ မန္တလေးမှာဆိုရင် အိမ်တွေပြိုကျတာတွေ၊ တိုက်အိမ်တချို့စောင်း သွားတာတွေကို တွေ့ရပါတယ်။





စစ်ကိုင်းတံတားအဟောင်းလည်း ငလျင်ဒဏ်ကြောင့် ကျိုးကျသွားတာ တွေ့ရပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) မှာလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။ ငလျင်ဟာ မြေအောက်နက် ၁၀ ကီလိုမီတာ အကွာမှာ လှုပ်ရှားသွားတာဖြစ်တယ်လိုသိရပါတယ်။ ထိခိုက်ပျက်စီးမှုစာရင်းမရရှိသေးပါဘူး ဆက်လက်ဖော်ပြပေးပါမယ်။
More Stories
အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်း ၅ နှစ်အတွင်းပြီးစီးရေး အရှိန်မြှင့်ရန် နိုင်ငံတော် သမ္မတညွှန်ကြား
ဇူလိုင် ၁၀၊ ၂၀၂၆ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ကာ ၅ နှစ်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းများနှင့် စပ်လျဉ်း၍ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင်...
မြန်မာ – ဘယ်လာရုစ် နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် စတင် အသက်ဝင်
ဇူလိုင်လ ၈ ရက်၊ ၂၀၂၆ အော်တာဝါမြို့၊ မြန်မာသံရုံးက ၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ရက်စွဲဖြင့် မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့တွင် စတင်သက်ဝင်ပြီဖြစ်ကြောင်း...
EV ကားများကို ပြည်တွင်း၌အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော
ဇူလိုင် ၈၊ ၂၀၂၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့ ဇူလိုင် ၇ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ EV ကားများကို ပြည်တွင်း၌ပင် အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် ပြောကြားခဲ့ပါတယ်။ EV ကားများကို ပြည်ပမှတင်သွင်းခြင်းအစား ပြည်တွင်းမှာ အစအဆုံးအလုံးစုံတပ်ဆင်ထုတ်လုပ်ပါက...
UNHCR နှင့် ယူနီဆက် ဌာနေကိုယ်စားလှယ်များ ရခိုင်သို့ သွားရောက်
ဇူလိုင်လ ၆ ရက်၊ ၂၀၂၆ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာအဖွဲ (UNICEF) မှ ဌာနေကိုယ်စားလှယ်တို့မှာ ရခိုင်ပြည်သို့ သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများ၊ နေရပ်စွန့်ခွာရသူများအား တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။...
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
ဇူလိုင် ၇၊ ၂၀၂၆ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းတွင် လာအိုနိုင်ငံ၊ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ...
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုရိုးရာ ဘာစီ (Baci) ဆုတောင်းပွဲသို့ တက်ရောက်၊ လွန်ပရာဘန်မြို့ရှိ ဝပ်ဆီယမ်သုန်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို
ဇူလိုင် ၇၊ ၂၀၂၆ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ဇူလိုင် ၅ ရက် မွန်းတည့်ပိုင်းက လွန်ပရာဘန်မြို့ရှိ Souphattra Hotel ၌ ကျင်းပသော လာအိုရိုးရာ...
