နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို (၁၆)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီ (၃၁)ရက် ရက်စွဲဖြင့် နစကက ထုတ်ပြန်သည်။
ပြင်ဆင်ဖွဲ့စည်းပုံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ အဖွဲ့ဝင်တွေအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်တို့ပါဝင်သည်။
ထပ်မံဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ယခင်ကောင်စီဝင်များဖြစ်သည့် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ မပါဝင်တော့ဘဲ ၎င်းတို့ (၂) ဦးအား နစက ဗဟိုအကြံပေးအဖွဲ့ဝင်များအဖြစ် တာဝန်ပေးလိုက်ကြောင်း သိရသည်။
