// | DailyBriefNews ပညာပေး ဇာတ်လမ်းပုံစံ မေတ္တာခြုံလွှာ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကျင်းပ -

ပညာပေး ဇာတ်လမ်းပုံစံ မေတ္တာခြုံလွှာ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကျင်းပ

Luxury ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးမည့် မိဘ‌မေတ္တာပညာပေး ဇာတ်လမ်းပုံစံ “မေတ္တာခြုံလွှာ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကို ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံ‌စေတီတော် မှာ ကျင်းပခဲ့ပါတယ်။

“ဒီကားထဲမှာ ကျောင်းအုပ်ဆရာမကြီး ကာရိုက်တာကနေ ပါဝင်ပြီး သရုပ်ဆောင်သွားမှာပါ။ ကိုယ့်အနေနဲ့ ဆရာမ ကာရိုက်တာလည်း ရိုက်လိုမရတော့ ကျောင်းအုပ်ဆရာမကြီးပေါ့။ ရာထူးကတော့ အကြီးဆုံးပဲ။ ဒီကား‌လေးကို လက်ခံပြီး ရိုက်ဖြစ်တာက ကိုမင်းမြတ်စိုးစံနဲ့က ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ လုပ်ထားတာ။ အဲ့ဒီရုပ်ရှင်ဇာတ်ကားက ဇာတ်လမ်း လေးလည်း ကောင်းပေမယ့် ဆင်ဆာမရလို မရိုက်ဖြစ်လိုက်ဘူး။ မင်းမြတ်စိုးစံက သရုပ်ဆောင်ကဏ္ဍကော၊ စီးရီးပိုင်းကော အနုပညာကို သူတော်တော်လေး ရူးသွပ်တယ်။ သူက ကားကြီး တစ်ကားတည်မယ် အန်တီမိုရယ် ရအောင်ရိုက်ပေးပါဆိုလို့ ရိုက်ပေးဖြစ်တာပါ။ ပထမဇာတ်လောက်တော့ သိပ်အားမရဘူး။ ကိုယ့်ဘာသာကိုယ်ထည့်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် မို့မို့မြင့်အောင် ပါလာပြီဆိုရင် မို့မို့မြင့်အောင် ဒီတိုင်းပဲလုပ်ပြသွားတယ် အဖြစ်မခံနိုင်ဘူး။ တကယ် လုပ်ပြတာမျိုးဖြစ်ချင်တော့ ပိုကြိုးစား ရမယ်” လို့ အကယ်ဒမီ မို့မို့မြင့်အောင်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကန်တော့ပွဲကိုတော့ ပါဝင်ကြမယ့် အကယ်ဒမီများရှင် မို့မို့မြင့်အောင်၊ မင်းမြတ်စိုးစံ၊ မှူးထိပ်ထား၊ ငြိမ်းချမ်း၊ ဂူဂူး၊ ချစ်ခွန်းချို၊ ဒေါင်းဝေ ၊ ဒေါ်ခင်အုန်းမြင့်၊ စင်သီယာ၊ စုသရဖီကို၊ သျှင်းမိုးရတီနဲ့ အနုပညာရှင်များစွာက တက်ရောက် ခဲ့ကြပြီး ဇာတ်လမ်းနဲ့ ဇာတ်ညွန်း ရှိန်းသူ ရေးသားထားသလို ဒါရိုက်တာ မင်းမြတ်စိုးစံက ရိုက်ကူးမယ်လို့ သိရပါတယ်။

Continue Reading

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တရုတ်ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် TNLA ၊ AA တို့တွေ့ဆုံဆွေးနွေးရန်ရှိနေ
Next post (၃၁-၁-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ