ဘယ်လာရုစ်သမ္မတရွေးကောက်ပွဲသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ နိုင်ငံတကာစောင့်ကြည့် လေ့လာရေးအဖွဲ့အဖြစ် သွားရောက်လေ့လာ
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတရွေးကောက်ပွဲအား ဇန်နဝါရီလ(၂၆)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲဝင် ဦးအောင်စောဝင်းနှင့် ဦးမြင့်သိန်းတိုသည် နိုင်ငံတကာစောင့်ကြည့် လေ့လာရေးအဖွဲအဖြစ် သွားရောက်လေ့လာခဲ့ကြပါတယ် ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲဝင်များသည် ဇန်နဝါရီလ(၂၁)ရက်မှ (၂၅) ရက်အထိ ပြုလုပ်သည့် ကြိုတင် မဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို လေ့လာခဲ့ပြီး ဇန်နဝါရီလ(၂၄)ရက်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ Mr. Igor Karpenko နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ် ။
ထို့ပြင် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုသတင်းအချက်အလက်နှင့် လေ့လာစောင့်ကြည့်ရေးစင်တာဖွင့်ပွဲနှင့် ဗဟိုရွေးကောက်ပွဲ ကော်မရှင်မှ ဆောင်ရွက်သည့် သတင်းစာရှင်းလင်းပွဲများသို့ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့ သွားရောက် ၍ မဲပေးခြင်းလုပ်ငန်းစဉ်များ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
