မဲစာရင်းမှန်ရေးအတွက် ဆောင်ရွက်နေတဲ့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းကို မကွေးတိုင်းအတွင်းမှာ ၇၃ ရာခိုင်နှုန်း ပြီးစီးနေပြီဟုဆို
ယခုနှစ်အတွင်းမှာ ကျင်းပဖိုရှိနေတဲ့ ရွေးကောင်ပွဲမှာ မဲစာရင်းမှန်ကန်မှုရှိစေဖို ဆောင်ရွက်နေတဲ့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအတွင်းမှာ ၇၃ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်ရဲ့ ပြောကြားမီုအရ သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။


တိုင်းဒေသကြီးချုပ်က မကွေးတိုင်းဒေသကြီးရဲ့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကို ၂၀၂၃ ခုနှစ်မှာ အိမ်ထောင်စု (၉၃၃၈၆၆)စု၊ (၇၃)% ကောက်ယူနိုင်ခဲ့ပြီး မြေပြင်လုံခြုံရေးအခြေအနေအရ ပခုက္ကူနဲ့ ဂန့်ဂေါခရိုင်မှာရှိတဲ့ (၈)မြိုနယ်မှာ စုစုပေါင်း (၄၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၁၈)စုနဲ့ အိမ်ထောင်စုပေါင်း (၃၁၂,၃၆၅) စု (၂၇)% ကောက်ယူဖို ကျန်ရှိခဲ့တယ်ဆိုပြီး ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။
