ရန်ကုန် တရုတ်တန်းမှာ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် အထိမ်းအမှတ်ပွဲဈေးကို တစ်ပတ်တာကျင်းပမည်
မကြာခင် ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော် (နွေဦးပွဲတော်) အထိမ်းအမှတ်ပွဲဈေးကို မြန်မာနိုင်ငံ ရန်ကုန်မြို့က တရုတ်တန်းမှာ ၇ ရက်ကြာ ကျင်းပသွားမယ်လို့ ဈေးပွဲတော် ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ ဆင်နွှဲတဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့ရည်ရွယ်ပြီး ပွဲဈေးကျင်းပရခြင်းဖြစ်ပါတယ်” လို့ ဈေးပွဲတော် ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။


၂၀၂၅ ခုနှစ်ရဲ့ တရုတ်နှစ်သစ်ကူးနေ့ဟာ ဇန်နဝါရီ ၂၉ ရက်မှာ ကျရောက်မှာဖြစ်ပြီး လာမယ့်နှစ်သစ်က မြွေနှစ်ဖြစ်သလို တရုတ်တန်းက နှစ်သစ်ကူးစျေးပွဲတော်ကိုတော့ ဇန်နဝါရီ ၂၅ ရက်ကနေ ၃၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
မြန်မာအစိုးရဟာ တရုတ်နှစ်သစ်ကူးနေ့ကို အခု ၂၀၂၅ ခုနှစ်ကစလို့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် တရားဝင် ကြေညာခဲ့သလို မကြာခင်ကျင်းပမယ့် နွေဦးပွဲဈေးမှာ ခြင်္သေ့အကနဲ့ နဂါးအကတွေ၊ ဖျော်ဖြေရေးအစီအစဉ်အမျိုးမျိုး၊ ကလေးကစားကွင်းတွေ၊ အလှဓာတ်ပုံရိုက်ကူးနိုင်တဲ့ နေရာတွေနဲ့ ဈေးဆိုင်ခန်း အများအပြား ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
More Stories
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကျိုင်းတုံတပ်နယ်၊ မိုင်းခတ်နှင့် မိုင်းယန်းတပ်နယ်များသို့သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများကို သီးခြားစီတွေ့ဆုံ
ဧပြီ ၂၄ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းအူး ကျိုင်းတုံတပ်နယ်၊ မိုင်းခတ်နှင့် မိုင်းယန်းတပ်နယ်များသို့ သွားရောက်ပြီး အရာရှိ၊ စစ်သည်၊ မိသားစုများကို သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ဧပြီလ နှစ်ဆယ့်နှစ်ရက်က ကျိုင်းတုံတပ်နယ်များမှ အရာရှိ၊ စစ်သည်၊...
အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့် ပြည်နယ်(၉)ခုမှ တိုင်းမှူးများအနေဖြင့် စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်
ဧပြီ ၂၄ နိုင်ငံတော်သမ္မတရုံးမှ အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှ တိုင်းမှူးများအနေဖြင့် စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ်ချုပ်ရေးအ မိန့်အမှတ် ၂ /၂ဝ၂၆ ဖြင့် ယမန်နေ့ ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ၏...
အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားအပ်နှင်း
ဧပြီ ၂၄ ဥပဒေကဲ့သိုအာဏာတည်သောအမိန့် (၁ /၂ဝ၂၆)ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှမြိုနယ်များ၏ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အားအပ်နှင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပ ဒေကဲ့သိုအာဏာတည်သောအမိန့်အမှတ် ၂ /၂ဝ၂၆ ဖြင့် ယနေ့ ဧပြီ...
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ
ဧပြီ ၂၃ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲက ယနေ့ နံနက်ပိုင်းမှာ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရဲ့ ဧည့်ဆောင်တော်မှာ...
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံတော်၏ (၁၁) ဦးမြောက် နိုင်ငံတော် သမ္မတဖြစ်လာ
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားယူသွားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတော်၏ (၁၁) ဦးမြောက် နိုင်ငံတော်သမ္မတဖြစ်လာပြီ ဖြစ်သည်။ ၎င်းအား ပြည့်သူ့လွှတ်တော်က ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီလ (၃) ရက်တွင် ပြည်ထောင်စုလွှတ်တော်၌...
ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းစတင်ဖွင့်လှစ်
ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ တပ်မတော်(ရေ)၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းကို မတ် ၈ ရက်ကစတင်ဖွင့်လှစ်ရာ နိုင်ငံတော် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်း ကမ္ပည်းကျောက်စာတိုင်အားစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကာ Shipyard...
