// | DailyBriefNews ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်း ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ပြုလုပ် -

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်း ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ပြုလုပ်

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံ သင်တန်းကျောင်းများတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာ ခံယူခဲ့ကြကြောင်း သိရသည်။

ထို့နောက် သင်တန်းကျောင်းများအလိုက် ထူးချွန်ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အမှာစကားများပြောကြားခဲ့ကြကြောင်း သိရသည်။ သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) မှ သင်တန်းဆင်း စစ်သည်များ အား တွေ့ဆုံအမှာစကားပြောကြားကာ လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားလေ့ကျင့်ခဲ့ကြပြီး စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေး ဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့် လေ့ကျင့် သင်ကြားခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၇-၁၂-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၈-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်