// | DailyBriefNews အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးကို နစက ဥက္ကဋ္ဌတက်ရောက် -

အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးကို နစက ဥက္ကဋ္ဌတက်ရောက်

တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာ၌ ယနေ့ နိုဝင်ဘာ ၇ ရက်နံနက်ပိုင်းကကျင်းပသည့် အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ်အက်စ်)ထိပ်သီးအစည်းအဝေးကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတက်ရောက်လာသည့် နစက ဥက္ကဋ္ဌအား တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီချန်ကကြိုဆိုနှုတ်ဆက်ပြီး အစည်းအဝေးကို “နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေး” နှင့် “မျက်နှာစုံညီအစည်းအဝေး”ဟူ၍အပိုင်း(၂) ပိုင်းခွဲကာ ကျင်းပခဲ့သည်။ “နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေး” တွင် တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များက “ဆန်းသစ်တီထွင်မှုဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် ဒေသတွင်း ပေါင်းစည်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်ပြင်ဆင်ထားရမည့် ကိစ္စရပ်များ အပေါ် အကြံပြုဆွေးနွေးခဲ့ကြသည်။

“နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေး” တွင် တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များက “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် ဒေသတွင်း ပေါင်းစည်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပြင်ဆင်ထားရမည့် ကိစ္စရပ်များ အပေါ် အကြံပြုဆွေးနွေးခဲ့ကြသည်။

ထို့အတူ “နိုင်ငံ့ခေါင်းဆောင်များမျက်နှာစုံညီအစည်းအဝေး”တွင်လည်း“ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌတို့က အမှာစကားများပြောကြားကာ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက သတ္တမအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေးနောက်ပိုင်းရရှိခဲ့သည့် ဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို နိုင်ငံ့ခေါင်းဆောင်များထံ အစီရင်ခံ တင်ပြခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/တိုင်းအဆင့် ခေါင်းဆောင်များ ဖိုရမ်အစီရင်ခံစာ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအစည်းအဝေးရလဒ်တို့ကို တာဝန်ရှိသူများက အစီရင်ခံတင်ပြပြီးနောက် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်နှင့် ဂျီအမ်အက်စ်ဆန်းသစ်တီထွင်မှု မဟာဗျူဟာ ၂၀၃၀ ကို အတည်ပြုချမှတ်ခဲ့သည်။

မဟာမဲခေါင်ထိပ်သီးအစည်းအဝေးအား မဟာမဲခေါင်ဒေသခွဲ(၆)နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ စတုတ္ထအကြိမ်အဖြစ် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အိမ်ရှင်အဖြစ် နေပြည်တော်၌လက်ခံကျင်းပခဲ့ပြီး ထိပ်သီးအစည်းအဝေးများတွင် အနာဂတ်ကာလဒေသခွဲ ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် မျှော်မှန်းချက်များ ပြည့်မီအောင်မြင်စေရေးဆိုင်ရာ ကတိကဝတ်များပြု၍ နိုင်ငံ့ခေါင်းဆောင်များ၏ အရေးပါသောပူးတွဲကြေညာချက်ကို ထုတ်ပြန်လေ့ရှိရာ ယခု အဋ္ဌမအကြိမ် အစည်းအဝေးတွင်လည်း ဆန်းသစ်တီထွင်မှု မူဘောင်နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်စာတမ်းတို့ကို အတည်ပြုချမှတ်ခဲ့သည်။

အစည်းအဝေးသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒု-ဝန်ကြီးများ၊ စစ်ဘက်၊ အရပ်ဘက်မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမ စာရင်းတွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော် ပါဝင်လာ
Next post ဧရာဝတီ – ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ယူ