နေပြည်တော်တွင် ဇလပ်ဝါပလာဇာ ဖွင့်လှစ်ခဲ့
၂၀၂၄ ခုနှစ် ၊ သြဂုတ်လ ၃၀ ရက်
နေပြည်တော်၊ ဥတ္တရသီရိမြို့၊ မန္တလေးလမ်းနှင့်ဇလပ်ဝါလမ်းထောင့်တွင် ဇလပ်ဝါပလာဇာ ကို ယနေ့ သြဂုတ်လ ၃၀ ရက် နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းပလာဇာတွင် စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့်ဆေးပစ္စည်း၊ ကျောက်မျက်ရတနာ၊ အဝတ်အထည်၊ စာရေးကိရိယာ၊ နိုင်ငံခြားအစားအစာနှင့်ရိုးရာအစားအသောက်များ၊ Cosmetic ဆိုင်ရာများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင် များ၊ ကျန်းမာရေးအထောက်အကူပြုစက်ပစ္စည်းများ၊ အီလက်ထရော နစ်ပစ္စည်းများကို တစ်နေရာတည်း၌ ပြီးပြည့်စုံစွာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ခေတ်မီကလေး ကစားကွင်းများ ပါဝင် ကာ အခမ်းအနားများပြုလုပ်နိုင်သည့်ခန်းမ လည်းပါဝင်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပလာဇာနှင့်အတူ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (ရုံးချုပ်) အဆောက်အဦကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
More Stories
အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်း ၅ နှစ်အတွင်းပြီးစီးရေး အရှိန်မြှင့်ရန် နိုင်ငံတော် သမ္မတညွှန်ကြား
ဇူလိုင် ၁၀၊ ၂၀၂၆ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ကာ ၅ နှစ်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းများနှင့် စပ်လျဉ်း၍ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင်...
မြန်မာ – ဘယ်လာရုစ် နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် စတင် အသက်ဝင်
ဇူလိုင်လ ၈ ရက်၊ ၂၀၂၆ အော်တာဝါမြို့၊ မြန်မာသံရုံးက ၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ရက်စွဲဖြင့် မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့တွင် စတင်သက်ဝင်ပြီဖြစ်ကြောင်း...
EV ကားများကို ပြည်တွင်း၌အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော
ဇူလိုင် ၈၊ ၂၀၂၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့ ဇူလိုင် ၇ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ EV ကားများကို ပြည်တွင်း၌ပင် အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် ပြောကြားခဲ့ပါတယ်။ EV ကားများကို ပြည်ပမှတင်သွင်းခြင်းအစား ပြည်တွင်းမှာ အစအဆုံးအလုံးစုံတပ်ဆင်ထုတ်လုပ်ပါက...
UNHCR နှင့် ယူနီဆက် ဌာနေကိုယ်စားလှယ်များ ရခိုင်သို့ သွားရောက်
ဇူလိုင်လ ၆ ရက်၊ ၂၀၂၆ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာအဖွဲ (UNICEF) မှ ဌာနေကိုယ်စားလှယ်တို့မှာ ရခိုင်ပြည်သို့ သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများ၊ နေရပ်စွန့်ခွာရသူများအား တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။...
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
ဇူလိုင် ၇၊ ၂၀၂၆ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းတွင် လာအိုနိုင်ငံ၊ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ...
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုရိုးရာ ဘာစီ (Baci) ဆုတောင်းပွဲသို့ တက်ရောက်၊ လွန်ပရာဘန်မြို့ရှိ ဝပ်ဆီယမ်သုန်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို
ဇူလိုင် ၇၊ ၂၀၂၆ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ဇူလိုင် ၅ ရက် မွန်းတည့်ပိုင်းက လွန်ပရာဘန်မြို့ရှိ Souphattra Hotel ၌ ကျင်းပသော လာအိုရိုးရာ...
