ဒမ်ဘီလီရဲ့အပြောင်းအရွှေ့မှာ အစိတ်အပိုင်းတစ်ခုအဖြစ် နေမာကို ထည့်သွင်းခဲ့ပေမယ့် ပယ်ချခဲ့တဲ့ ဘာစီလိုနာ
ဇူလိုင်လ ၄ ရက်
ပီအက်စ်ဂျီအသင်းဘက်က ဒမ်ဘီလီရဲ့အပြောင်းအရွှေ့အတွက် အစိတ်အပိုင်းတစ်ခုအဖြစ် နေမာကို အငှားချဖို့ထည့်သွင်းခဲ့ပေမယ့် ဘာစီလိုနာက ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်သားဟာ ဘာစီလိုနာကနေ ထွက်ခွာဖို့ နီးစပ်နေပြီး ပေါင် ၄၃ သန်းနဲ့ မိခင်မြေကိုပြန်တော့မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ မက်ဆီနဲ့ ဘာပေတို့ အနေအထားကြောင့် တိုက်စစ်ပိုင်းအတွက် ဈေးကွက်ထဲမှာ ကစားသမားသစ်ရှာဖွေနေတာဖြစ်ပါတယ်။

စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ပီအက်စ်ဂျီဟာ ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါအပြောင်းအရွှေ့ရဲ့အစိတ်အပိုင်းအဖြစ် နေမာကို တစ်ရာသီအငှားချဖို့လည်း ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘာစီလိုနာအသင်းက နေမာကို ပြန်လည်ခေါ်ယူချင်စိတ်မရှိပဲ အဓိကပြဿနာက ဘဏ္ဍာရေး အခြေအနေကြောင့်ဖြစ်သလို အသက် ၃၁ နှစ်အရွယ်ဒဏ်ရာပြဿနာကစားသမားဖြစ်နေတာကြောင့်လည်း မခေါ်ယူချင်နေတာဖြစ်ပါတယ်။
More Stories
Mayer နှင့် Cameron – WBO ချန်ပီယံ ရှန်တဲလ် ကာမရွန် က မိုက်ကယ်လာ မေယာ နှင့် ပွဲတွင် ‘သူမ၏ သက်တမ်းတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည်’ ရရှိရန် ပစ်မှတ်ထား
ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆ စနေနေ့တွင် ဘာမင်ဂမ်၌ ကျင်းပမည့် ကြီးကျယ်ခမ်းနားသော ပထမတန်းစား ချန်ပီယံဆုပေါင်းစည်းပွဲ ပင်မပွဲစဉ်တွင် မိကဲလာ မေယာ (Mikaela Mayer)နှင့် ရှန်တဲလ် ကာမရွန် (Chantelle Cameron) တို့က...
အာဆင်နယ်က ကိုဗင်ထရီကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး ပရီးမီးယားလိဒ် အဖွင့်လှပခဲ့
ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၆ ပရီးမီးယားလိပ် ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် သောကြာနေ့က အမ်းမရိတ်စ် ကွင်းအတွင်း ကျင်းပခဲ့တဲ့ ပွဲစဉ်မှာ လက်ရှိချန်ပီယံ အာဆင်နယ်အသင်းဟာ ပရိုမိုးရှင်းတက်လာတဲ့ ကိုဗင်ထရီအသင်းကို ၃ ဂိုး - ဂိုးမရှိနဲ့...
ဘရိုက်တန် ကွင်းလယ်လူ ကားလို့စ် ဘာလေဘာကို ခေါ်ယူဖို့ မန်ယူ သဘောတူညီမှုရလုနီးပါး ဖြစ်နေ
ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၆ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ကာမေရွန်း ကွင်းလယ်ကစားသမား ကားလို့စ် ဘာလေဘာ (Carlos Baleba) ကို ပြောင်းရွှေ့ကြေး ပေါင် ၆၅...
နာမည်ကြီး အနုပညာရှင်များစွာ ပါဝင်ဆော့ကစားမည့် “ရေဘေးသင့်ပြည်သူများ ကူညီရေးရန်ပုံငွေ ဘောလုံးပွဲ” ကို လာမည့် ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်
ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆ နာမည်ကြီး အနုပညာရှင်များစွာ ပါဝင်ဆော့ကစားမည့် “ရေဘေးသင့်ပြည်သူများ ကူညီရေးရန်ပုံငွေ ဘောလုံးပွဲ” ကို လာမည့် ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌...
၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေ ၁ ခု၊ ငွေ ၃ ခု ဆွတ်ခူး ရရှိခဲ့
ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၆ (၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၆ ၏ ဆုတံဆိပ်များ ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအနေဖြင့် ရွှေတံဆိပ်...
အာဆီယံအမျိုးသမီးဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရတနာပုံအမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်း Phranakorn FC Women MoU ရေးထိုး
ဩဂုတ် ၁၀၊ ၂၀၂၆ အာဆီယံဒေသအတွင်း အမျိုးသမီးဘောလုံးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပြများနှင့် ကစားသမားများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် ရတနာပုံအမျိုးသမီးဘောလုံးအသင်း (Yadanarbon FC Women) နှင့် ထိုင်းနိုင်ငံမှ Phranakorn FC Women အသင်းတို့...
