// | DailyBriefNews Gender၊ CEDAW၊ NSPAW၊ AGMSF၊ WPS အသိပညာပေးသင်တန်း ဖွင့်လှစ် -

Gender၊ CEDAW၊ NSPAW၊ AGMSF၊ WPS အသိပညာပေးသင်တန်း ဖွင့်လှစ်

အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၆

ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Gender၊ CEDAW၊ NSPAW၊ AGMSF၊ WPS အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသမီးရေးရာဝန်ကြီးဌာန၌ ကျင်းပခဲ့ပါတယ်။
 
သင်တန်းဖွင့်ပွဲတွင် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က သင်တန်းဖွင့်လှစ်ရခြင်းသည် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမိုနားလည်သိရှိစေရန်နှင့် ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
အဆိုပါသင်တန်းကို အမျိုးသမီးရေးရာဝန်ကြီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်ခြင်းဖြစ်ပြီး အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် စက်မှုနှင့် MSME ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့အောက်ရှိ ဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၅ ဦး တက်ရောက်ကြကာ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နှင့် NSPNC တို့ ငြိမ်းချမ်းရေး ဆွေးနွေး
Next post မင်းသမီးကိုယ်တိုင် ဆုချီးမြှင့်ပေးခဲ့ပြီး စပိန်ဘုရင်ကြီးကပါ မတ်တတ်ရပ် လက်ခုပ်တီးဂုဏ်ပြုခဲ့ရတဲ့ မက်ဆီ