မြန်မာ့ပညာရေးအဆင့်အတန်း မြင့်မားလာစေရေး နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေ

အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၈) မှ ကျောင်းသား၊ ကျောင်းသူများကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ငုရွှေဝါခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားစဉ် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ အသုံးစရိတ်ကို နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း ခွင့်ပြုထားပြီး အခြားဝန်ကြီးဌာနများ၏ ပညာရေး အသုံးစရိတ်များပါ ထည့်သွင်းတွက်ချက်ပါက ၉ ဒသမ ၂၂ ရာခိုင်နှုန်းအထိ ခွင့်ပြုထားကြောင်း သိရပါတယ်။
ထို့ပြင် လာမည့်နှစ်များတွင် ပညာရေးအသုံးစရိတ်ကို ၁၀ ရာခိုင်နှုန်းထက်မနည်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန်နှင့် အစိုးရတာဝန်ယူသည့်ကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိစေရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။






