// | DailyBriefNews ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား -

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆

(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားခဲ့ပါတယ်။

ထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတက မြန်မာ့ရိုးရာအနုပညာသည် အမျိုးသားယဉ်ကျေးမှုကို ဖော်ပြသည့် တန်ဖိုးရှိသော အမွေအနှစ်တစ်ရပ်ဖြစ်ကြောင်း၊ ယင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး အရည်အသွေးပြည့်ဝစွာဖြင့် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းနိုင်ရေးအတွက် အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ် ၃၀ ဦး ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာ
Next post ရှေ့တန်းပြန် တပ်မတော်သားများအား ကလေးနှင့် ဟုမ္မလင်းမြို့တို့တွင် ဂုဏ်ပြုကြိုဆို