// | DailyBriefNews ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့တွင် အိမ်ရာအကျပ်အတည်းနှင့် ပတ်သက်သည့် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေ -

ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့တွင် အိမ်ရာအကျပ်အတည်းနှင့် ပတ်သက်သည့် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေ

အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆

ဥရောပနိုင်ငံအများအပြားတွင် အစိုးရများအပေါ် မကျေနပ်မှုများ မြင့်တက်နေချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သော ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့၌ ဈေးနှုန်းသက်သာသော အိမ်ရာများ ရရှိရေးနှင့် အကျပ်အတည်းများကို ဖြေရှင်းပေးရန် တောင်းဆိုသည့် လူထုဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပါတယ်။

ပေါ်တူဂီနိုင်ငံ၊ လစ်စဘွန်းနှင့် ပေါ်တိုမြို့များတွင် ရဲတပ်ဖွဲ့က ဆန္ဒပြတဲထိုးစခန်းများကို ဖယ်ရှားရှင်းလင်းကာ လူ ၅၅ ဦးကို ဖမ်းဆီးခဲ့သော်လည်း ဆန္ဒပြသူများက စခန်းများကို ပြန်လည်ထူထောင်ရန် ဆုံးဖြတ်ခဲ့ကြပြီး ဆန္ဒပြပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြသည်။ ပေါ်တူဂီတွင် ၂၀၁၇ ခုနှစ်မှစ၍ အိမ်ခြံမြေ ဝယ်ယူဈေးနှုန်းနှင့် ငှားရမ်းခများ နှစ်ဆနီးပါး မြင့်တက်လာခဲ့ခြင်းကြောင့် ဒေသခံများ အခက်အခဲကြုံတွေ့နေရခြင်း ဖြစ်ပါတယ်။

အလားတူ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင်လည်း အိမ်ရာအကျပ်အတည်းကို ဖြေရှင်းပေးရန် တောင်းဆိုကာ တဲများထိုး၍ ဆန္ဒပြလျက်ရှိကြပြီး ဆန္ဒပြသူများက နိုဝင်ဘာ ၂၉ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုထားကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အင်းတော်-ဝန်းသို-ကောလင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းများပေါ်ရှိ အခြေပြုစခန်းများကို တပ်မတော်စစ်ကြောင်းများ ရှင်းလင်းတိုက်ခိုက်
Next post ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အချက်များကို နိုင်ငံရေးပါတီများ ဆွေးနွေး