// | DailyBriefNews ဗြိတိန်အပါအဝင် ဥရောပ ၄ နိုင်ငံရှိ PJ ပတ်စ်ပို့ ကိုင်ဆောင်သူများ ခွင့်ပြန်ထောက်ခံစာ ယူရန်မလိုတော့ -

ဗြိတိန်အပါအဝင် ဥရောပ ၄ နိုင်ငံရှိ PJ ပတ်စ်ပို့ ကိုင်ဆောင်သူများ ခွင့်ပြန်ထောက်ခံစာ ယူရန်မလိုတော့

အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၆

ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်နဲ့ အိုင်ယာလန်နိုင်ငံတို့မှာ အလုပ်လုပ်ကိုင်နေကြတဲ့ PJ အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် မြန်မာနိုင်ငံသို့ ခွင့်ပြန်လာရောက်ရာမှာ မြန်မာသံရုံးမှ ခွင့်ပြန်ထောက်ခံစာ ရယူရန် မလိုအပ်တော့ဘူးလို့ မြန်မာသံရုံး၊ လန်ဒန်မြို့က အသိပေးကြေညာထားကြောင်း သိရပါတယ်။

အဆိုပါကြေညာချက်အရ သတ်မှတ်ထားတဲ့ နိုင်ငံလေးနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ PJ ပတ်စ်ပို့ ကိုင်ဆောင်သူများဟာ မြန်မာနိုင်ငံသို့ ခွင့်ပြန်သွားရောက်ရာမှာ သံရုံးထံမှ ခွင့်ပြန်ထောက်ခံစာ ရယူရန်မလိုတော့ဘဲ ခွင့်ပြန်ခရီးစဉ်အတွက် ယခင်က လိုအပ်ခဲ့တဲ့ အဆိုပါထောက်ခံစာဆိုင်ရာ လုပ်ငန်းစဉ်မှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါအသိပေးကြေညာချက်ကို မြန်မာသံရုံး၊ လန်ဒန်မြို့က ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒုတိယသမ္မတ ဦးညိုစော ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Next post နိုင်ငံခြားသားများ တရားမဝင် မြေပိုင်ဆိုင်ထားမှုများကို ဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိစစ်ရန် ထိုင်းဝန်ကြီးချုပ် အမိန့်ပေး