// | DailyBriefNews ဒုတိယသမ္မတ ဦးညိုစော ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး -

ဒုတိယသမ္မတ ဦးညိုစော ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၆

ဒုတိယသမ္မတ ဦးညိုစောသည် ရန်ကုန်မြို့ မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများက လုပ်ငန်းအစီအမံများကို ရှင်းလင်းပြသခဲ့ပါတယ်။

ထို့နောက် ဒုတိယသမ္မတသည် ဗိုလ်တစ်ထောင်မြို့နယ် ကမ်းနားလမ်းတစ်လျှောက် စနစ်တကျရှိစေရေး ဆောင်ရွက်ထားရှိမှုများ၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ကျန်စစ်သားလမ်းနှင့် ကနောင်မင်းသားကြီးလမ်းရှိ အားကစားကွင်း တည်ဆောက်မည့် မြေနေရာများ၊ ရွှေပြည်သာမြို့နယ် စက်မှုဒေသလမ်းမကြီးနှင့် ပြည်ထောင်စုလမ်းရှိ ပန်းခြံနှင့် ဘောလုံးကွင်း တည်ဆောက်မည့် မြေနေရာများ အပြင် လှိုင်သာယာ (အနောက်ပိုင်း) အနော်ရထာစက်မှုဇုန်ရှိ တိုးချဲ့ဆောင်ရွက်မည့် မြေနေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ
Next post ဗြိတိန်အပါအဝင် ဥရောပ ၄ နိုင်ငံရှိ PJ ပတ်စ်ပို့ ကိုင်ဆောင်သူများ ခွင့်ပြန်ထောက်ခံစာ ယူရန်မလိုတော့