// | DailyBriefNews အိန္ဒိယ-မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန် မြန်မာ့တပ်မတော်ဘောလုံးအဖွဲ့ ထွက်ခွာ -

အိန္ဒိယ-မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန် မြန်မာ့တပ်မတော်ဘောလုံးအဖွဲ့ ထွက်ခွာ

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆

အိန္ဒိယနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အိန္ဒိယ-မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး​ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် သိန်းနိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ချစ်ကြည်ရေးဘောလုံးအဖွဲ့ဟာ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှထွက်ခွာကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ တာဝန်ရှိသူများက လေဆိပ်မှာ ပိုဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။
 
မြန်မာ့တပ်မတော် ချစ်ကြည်ရေးဘောလုံးအဖွဲ့မှာ အုပ်ချုပ်သူများ၊ နည်းပြများနဲ့ ပြိုင်ပွဲဝင် အားကစားသမားများ စုစုပေါင်း ၃၀ လိုက်ပါသွားပြီး အိန္ဒိယတပ်မတော်မှ ​ဘောလုံးအသင်းတို့နဲ့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲများကို အောက်တိုဘာ ၂၁ ရက်နဲ့ ၂၃ ရက်တို့မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကနေဒါနိုင်ငံ စစ်စခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား၍ လေးဦး သေဆုံးကာ လူပေါင်း ၃၉ ဦး ဆေးရုံတင်ထားရ
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ