// | DailyBriefNews မမြရေလှောင်တမံ ရေစိမ့်ဝင်မှု ကာကွယ်ရန်နှင့် ကြံ့ခိုင်ရေးအတွက် Filter လုပ်ငန်းများ ဆောင်ရွက်နေမှုကြောင့် တမံကြံ့ခိုင်မှု ပိုမိုတိုးတက်ကောင်းမွန်လာ -

မမြရေလှောင်တမံ ရေစိမ့်ဝင်မှု ကာကွယ်ရန်နှင့် ကြံ့ခိုင်ရေးအတွက် Filter လုပ်ငန်းများ ဆောင်ရွက်နေမှုကြောင့် တမံကြံ့ခိုင်မှု ပိုမိုတိုးတက်ကောင်းမွန်လာ

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၏ ရေစိမ့်ဝင်မှု အန္တရာယ်ကို ကာကွယ်ရန်နှင့် တမံကြံ့ခိုင်ရေးအတွက် ရေစစ်ကျောက်ရိုးနှင့် ချိတ်ဆက်ကာ Vertical Filter နှင့် Horizontal Filter လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိသဖြင့် တမံကြံ့ခိုင်မှု အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာကြောင်း အောက်တိုဘာ ၁၈ ရက်ထုတ် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

မမြရေလှောင်တမံ၏ သိုလှောင်ရေကို ရေထုတ်ပြွန်၊ ရေအားလျှပ်စစ်ပိုက်လိုင်းနှင့် အရေးပေါ်ရေပိုလွှဲတို့မှတစ်ဆင့် တစ်ရက်လျှင် ၇၇၀ ကုဗပေ/စက္ကန့် လျှော့ချပေးလျက်ရှိရာ အောက်တိုဘာ ၁၀ ရက်တွင် တမံရေပြင်နိမ့်မြင့်မှတ် ၃၁၄ ဒသမ ၉ ပေ (သိုလှောင်ရေပမာဏ ၇၁,၂၇၀ ဧကပေ) ရှိခဲ့ရာမှ အောက်တိုဘာ ၁၇ ရက် ညနေပိုင်းတွင် နိမ့်မြင့်မှတ် ၃၀၅ ဒသမ ၃၅ ပေ (သိုလှောင်ရေပမာဏ ၅၉,၅၉၀ ဧကပေ) ထိ စုစုပေါင်း ရေပြင်နိမ့်မြင့်မှတ် ၉ ပေ ၆ လက်မခန့် လျှော့ချနိုင်ခဲ့သည်။ ထို့ပြင် တမံအရေးပေါ် အောက်ခြေထောက်ခြင်းနှင့် ရေစစ်ကျောက်ရိုး (Rock Toe) တည်ဆောက်ခြင်းအတွက် ကျောက်ကြီး ၃၈၄ ကျင်း စုဆောင်း ဆောင်ရွက်ထားရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျပ် ၅၀၀၀၀ တန် ငွေစက္ကူသစ်များ ထုတ်ဝေမည်မဟုတ်ကြောင်းနှင့် သတင်းမှားဖြန့်ဝေသူများအား ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာ
Next post ပြင်သစ်နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ဆုံကာ အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွား