ကျပ် ၅၀၀၀၀ တန် ငွေစက္ကူသစ်များ ထုတ်ဝေမည်မဟုတ်ကြောင်းနှင့် သတင်းမှားဖြန့်ဝေသူများအား ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာ

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆
ကျပ် ၅၀၀၀၀ တန် ငွေစက္ကူသစ်များ ထုတ်ဝေမည် မဟုတ်ကြောင်းနှင့် သတင်းမှား ဖြန့်ဝေသူများကို ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန် ကြေညာခဲ့သည်။
လတ်တလော လူမှုကွန်ရက်နှင့် အင်တာနက်စာမျက်နှာများတွင် ကျပ်ငါးသောင်းတန် ငွေစက္ကူသစ်များ ထုတ်ဝေမည်ဆိုသည့် ကောလာဟလ သတင်းများ ပျံ့နှံ့နေခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အဆိုပါ ငွေစက္ကူသစ် ထုတ်ဝေမည့် အစီအစဉ် မရှိကြောင်း အသိပေးထားသည်။ ထို့ပြင် အများပြည်သူ အကျိုးစီးပွား ပျက်ယွင်းစေရန်နှင့် ဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် သတင်းမှား ဖြန့်ဝေသူများကို ဥပဒေအတိုင်း ဖော်ထုတ် အရေးယူနိုင်ရန် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။ အဆိုပါ သတင်းမှာ မမှန်ကန်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးကလည်း အတည်ပြု ပြောကြားထားသည်။
