နိုင်ငံတော်၏အနာဂတ်ဖြစ်သည့် လူငယ်များကို စွမ်းရည်မြင့်မားသော အဖိုးတန်လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရေး စဉ်ဆက်မပြတ်လေ့ကျင့်ပျိုးထောင်ပေးရန် လိုကြောင်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ပြောကြား

အောက်တိုဘာလ ၁၆ ရက်၊ ၂၀၂၆
နိုင်ငံတော်၏အနာဂတ်ဖြစ်တဲ့ လူငယ်များကို စွမ်းရည်မြင့်မားတဲ့ အဖိုးတန်လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရန်နဲ့ ပြည့်ဝရင့်ကျက်တဲ့ စွမ်းအားစုများဖြစ်လာစေရေး စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ကြောင်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့ကြောင်း သိရပါတယ်။
ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အားကစားရေးရာဝန်ကြီးဌာနမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအစည်းအဝေးမှာ ဒုတိယသမ္မတက အခုလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ဒုတိယသမ္မတက အနာဂတ်ကာလ နိုင်ငံတော်ကို ယနေ့လူငယ်များနဲ့သာ ဒိုတာဝန် အရေးသုံးပါးနဲ့အညီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်တာကြောင့် လူငယ်ကဏ္ဍဖွံဖြိုးတိုးတက်မှုကို မြှင့်တင်တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ ဒါ့ကြောင့် မျိုးဆက်သစ်လူငယ်များကို စနစ်တကျပြုစုပျိုးထောင်ရန်အတွက် ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ့်နည်းလမ်းများကို အကြံပြုဆွေးနွေးကြရန်တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။
