တရားမဝင် အလုပ်အကိုင် စည်းရုံးမှု သံသယဖြင့် မြန်မာနိုင်ငံသို့ သွားရောက်မည့် ဖိလစ်ပိုင် ၄ ဦးအား လူဝင်မှု ကြီးကြပ်ရေးက တားဆီး

အောက်တိုဘာလ ၁၆ ရက်၊ ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ နီနွိုင် အကွီနို အပြည်ပြည်ဆိုင်ရာ လေဆိပ် (NAIA) တွင် မသင်္ကာဖွယ် ခရီးစဉ် စီစဉ်မှုများဖြင့် မြန်မာနိုင်ငံသို့ အလုပ်လုပ်ရန် သွားရောက်မည်ဟု သံသယရှိရသော ဖိလစ်ပိုင် အမျိုးသမီး ခရီးသည် ၄ ဦးကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (BI) က တားဆီးလိုက်ပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့က အဆိုပါ ခရီးသည်များ၏ ထွက်ဆိုချက်နှင့် အထောက်အထားများ လွဲမှားနေမှုကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား လစဉ်လစာ အမေရိကန်ဒေါ်လာ ၁,၀၀၀ မှ ၁,၅၀၀ ထိ ရရှိမည့် အလုပ်အကိုင် ကမ်းလှမ်းချက်များဖြင့် Facebook နှင့် Telegram တို့မှတစ်ဆင့် စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စစ်ဆေးတွေ့ရှိချက်များအရ ခရီးသည်များအား လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (IACAT) သို့ လွှဲပြောင်းပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ကော်မရှင်နာ Joel Anthony Viado က တရားမဝင် အလုပ်အကိုင် စည်းရုံးသူများနှင့် လူကုန်ကူးသူများ၏ ဘေးမှ ပြည်သူများကို ဆက်လက် ကာကွယ်ပေးသွားမည်ဟု ပြောကြားခဲ့ပါတယ်။
ယခု ဖြစ်စဉ်သည် မြဝတီဒေသ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်း ငွေလိမ်လည်မှု (Scam Center) လုပ်ငန်းများသို့ တရားမဝင် စည်းရုံးခေါ်ယူခံရသည့် သားကောင်များ ဖြစ်လာမည့် အခြေအနေကို မီးမောင်းထိုးပြနေသဖြင့် တရားဝင် လမ်းကြောင်းများမှတစ်ဆင့်သာ အလုပ်အကိုင် ကမ်းလှမ်းချက်များကို အတည်ပြုကြရန် အာဏာပိုင်များက သတိပေးထားပါတယ်။
