အဆိုတော် နီနီခင်ဇော်၏ “Rise Of the Phoenix” ဖျော်ဖြေပွဲတွင် တေးသီချင်း အပုဒ် ၄၀ ကျော်ဖြင့် သီဆိုဖျော်ဖြေမည်


အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၆
အဆိုတော် နီနီခင်ဇော်၏ တစ်ကိုယ်တော် တေးဂီတဖျော်ဖြေပွဲဖြစ်သည့် “Rise Of the Phoenix 2026” ကို လာမည့် နိုဝင်ဘာ ၇ ရက် ည ၇ နာရီတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Hexagon Complex ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် အပိုင်း (၅) ပိုင်းဖြင့် ဖွဲ့စည်းထားပြီး တေးသီချင်း အပုဒ် ၄၀ ကျော်ကို အသေးစိတ် ပြင်ဆင် သီဆိုသွားမည်ဖြစ်သည်။ Lucky Hand Music Group က တီးခတ်ပေးမည်ဖြစ်ပြီး အထူးဧည့်သည်တော်များအနေဖြင့် ဖြိုးပြည့်စုံ၊ အောင်ထက်၊ မိစန္ဒီနှင့် ဂျူဝယ်တို့က ပါဝင်အားဖြည့် ဖျော်ဖြေပေးကြမည် ဖြစ်သည်။

လက်မှတ်များကို Ninians Zone လျှင် ၇၀,၀၀၀ ကျပ်၊ GA Zone လျှင် ၅၀,၀၀၀ ကျပ်နှင့် Red Zone VIP တို့ကို Rise of the Phoenix Show Page တွင် ဝယ်ယူနိုင်ပြီး အဆိုပါ ဖျော်ဖြေပွဲကို Channel K ရုပ်သံလိုင်းမှ တစ်လအကြာတွင် ပြန်လည် ထုတ်လွှင့်ပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

