// | DailyBriefNews အောက်တိုဘာ ၁၄ ရက်တွင် စတင်ထုတ်လွှင့်မည့် "ချမ်းမြေ့စေကြောင်း" ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ ကျင်းပ -

အောက်တိုဘာ ၁၄ ရက်တွင် စတင်ထုတ်လွှင့်မည့် “ချမ်းမြေ့စေကြောင်း” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ ကျင်းပ

အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၆

Mahar Original Series နှင့် ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းတင်ဆက်သည့် အချစ်ဒရာမာ ဇာတ်လမ်းတွဲ “ချမ်းမြေ့စေကြောင်း” မိတ်ဆက်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဝဇီရာ ဂုဏ်ပြုခံ ကဇာတ်ရုံ၌ ကျင်းပခဲ့သည်။

အဆိုပါ ဇာတ်လမ်းတွဲသည် လူတို့၏ လောဘ၊ ဒေါသ၊ အတ္တနှင့် မိသားစု၊ အချစ်၊ ဒရာမာ ရသမျိုးစုံ ပါဝင်သည့် ထူးခြားသည့် ပုံစံဖြင့် ရိုက်ကူးထားခြင်း ဖြစ်ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောကြားခဲ့သည်။ သရုပ်ဆောင် အကယ်ဒမီ မင်းဦးကလည်း မိမိအနေဖြင့် မတူညီသော ပညာမတတ် ဆင်းရဲသား “ဦးသုတ” ကာရိုက်တာဖြင့် အဓိက အမူအရာမှစ၍ ကြိုးစား သရုပ်ဆောင်ထားကြောင်း ပြောကြားခဲ့သည်။

ဝတ္ထု သျှင်မ၊ ဇာတ်ညွှန်း ကကြိုးသျှင်တို့ ရေးသားပြီး မင်းဘုန်းမြတ်၊ မင်းဦး၊ မေမီကိုကို၊ ဆုပန်ထွာ အပါအဝင် အနုပညာရှင်များစွာ ပါဝင်ရိုက်ကူးထားသည့် အပိုင်း (၃၀) ပါ အဆိုပါ ဇာတ်လမ်းတွဲကို အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ Mahar Application နှင့် Mahar Movie Channel တို့တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ရန် ဒုတိယသမ္မတ တိုက်တွန်း
Next post ဂျပန်နှင့် တောင်ကိုရီးယား ကန့်ကွက်နေသည့်ကြားမှ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် အစင်းပေါင်းများစွာ ဆက်တိုက် စမ်းသပ်ပစ်ခတ်