// | DailyBriefNews နိုင်ငံတော်သမ္မတ ထားဝယ်မြို့ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး -

နိုင်ငံတော်သမ္မတ ထားဝယ်မြို့ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တစ်ဦးချင်း လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။

ထို့သို့ အားပေးစကား ပြောကြားစဉ် နိုင်ငံတော်သမ္မတသည် ထိခိုက်ဒဏ်ရာရရှိထားသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ယင်းနောက် ဆေးရုံအတွက် လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့ပြီး ဆေးရုံဝန်ထမ်းများအတွက်လည်း ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ တနင်္သာရီတိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ
Next post သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ရန် ဒုတိယသမ္မတ တိုက်တွန်း