// | DailyBriefNews နိုင်ငံတော်သမ္မတ ထားဝယ်မြို့ရှိ ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်အား ကြည့်ရှုစစ်ဆေး -

နိုင်ငံတော်သမ္မတ ထားဝယ်မြို့ရှိ ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်အား ကြည့်ရှုစစ်ဆေး

အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၂ ရက်နေ့တွင် ထားဝယ်မြို့၊ ညောင်ရမ်း (တောင်) ရပ်ကွက်ရှိ ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်သို့ သွားရောက်၍ စာဖတ်ခန်း၊ E-Library၊ သုတစာအုပ်စင်နှင့် သုတ/ရသ စာအုပ်များ စနစ်တကျ ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

စစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတ တိုးပွားရေးနှင့် စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုနိုင်ရေးအတွက် စာကြည့်တိုက် လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်၊ စာဖတ်သူ ပိုမိုတိုးပွားလာရေး စည်းရုံးဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့သည်။

Source: HOS

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Next post နိုင်ငံတော်သမ္မတ ရွှေဝယ်သီရိအားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းများနှင့် ထားဝယ်မြို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး