// | DailyBriefNews AFC U-17 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက တရုတ်(ဟောင်ကောင်) အသင်းကို အနိုင်ရကာ အာရှဖလား ဝင်ခွင့်ရရှိ -

AFC U-17 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက တရုတ်(ဟောင်ကောင်) အသင်းကို အနိုင်ရကာ အာရှဖလား ဝင်ခွင့်ရရှိ

အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၆

အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက ယှဉ်ပြိုင်ခဲ့သည့် AFC U-17 အမျိုးသမီးဖလား ခြေစစ်ပွဲ အုပ်စု (G) အဆုံးအဖြတ်ပွဲစဉ်တွင် အိမ်ရှင် မြန်မာအသင်းက ဟောင်ကောင် (တရုတ်) အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၂၇ AFC U-17 Women’s Asian Cup နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့် ရရှိခဲ့ကြောင်း သိရပါတယ်။

ပွဲကစားချိန် ၂၁ မိနစ်တွင် မြန်မာအသင်းက အဖွင့်ဂိုး ပေးခဲ့ရသော်လည်း ပွဲချိန် ၄၂ မိနစ်တွင် အသင်းခေါင်းဆောင် ရှင်းသန့်ဖြူစင်ပြုံးက ချေပဂိုးနှင့် မိနစ် ၆၀ တွင် သက်သက်ဝေက အနိုင်ဂိုးများကို အသီးသီး သွင်းယူပေးခဲ့ကြသည်။

အုပ်စုအတွင်း နှစ်ဖက်အသင်းတို့မှာ ရမှတ်နှင့် ဂိုးကွာခြားချက် တူညီနေခဲ့သဖြင့် ဤပွဲစဉ်သည် အုပ်စုပထမနေရာနှင့် အာရှဖလား ဝင်ခွင့်အတွက် အဆုံးအဖြတ် ဖြစ်ခဲ့ပြီး၊ အောင်ပွဲခံနိုင်ခဲ့သည့် မြန်မာအသင်းသည် ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်မှ ဧပြီ ၁၇ ရက်အထိ တရုတ်နိုင်ငံတွင် ကျင်းပမည့် အာရှ ယူ-၁၇ ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ၇-၁၀-၂၀၂၆ ရက်နေ့မှ ၈-၁၀-၂၀၂၆ ရက်နေ့ထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အနှစ်ချုပ်၊ အပိုင်း(၅)
Next post ဆရာဝန် (သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန် (သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်၊ ပြည်သူ့ကျန်းမာရေးကို အပြည့်အဝ စောင့်ရှောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း