နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား

အောက်တိုဘာလ ၇ ရက်၊ ၂၀၂၆
မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၇ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ကွာလာလမ်ပူမြို့ InterContinental Kuala Lumpur Hotel ၌ ကျင်းပသည့် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026) သို့ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။


အဆိုပါ အဆင့်မြင့်ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မလေးရှားနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (NCCIM) တို့ ပူးပေါင်း ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မလေးရှားအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များ၊ NCCIM ဥက္ကဋ္ဌ Mr. Norsyahrin Hamidon နှင့် တာဝန်ရှိသူများအပြင် နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။



