// | DailyBriefNews နိုင်ဂျီးရီးယား စစ်ဘက်လေယာဉ် ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၃၂ ဦးစလုံး သေဆုံး -

နိုင်ဂျီးရီးယား စစ်ဘက်လေယာဉ် ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၃၂ ဦးစလုံး သေဆုံး

အောက်တိုဘာလ ၇ ရက်၊ ၂၀၂၆

ခရီးသည် ၂၅ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦး (စုစုပေါင်း ၃၂ ဦး) လိုက်ပါလာသည့် နိုင်ဂျီးရီးယား စစ်ဘက်သုံး ATR-42 အမျိုးအစား လေယာဉ်တစ်စင်းသည် အောက်တိုဘာ ၅ ရက်နေ့က နိုင်ငံတောင်ပိုင်းတွင် ပျက်ကျခဲ့ရာ လိုက်ပါသူ အားလုံး သေဆုံးသွားကြောင်း သိရပါတယ်။

အဆိုပါ လေယာဉ်သည် အီဒိုပြည်နယ်မှ စီးပွားရေးမြို့တော် လာဂို့စ်သို့ ပုံမှန်ခရီးစဉ်အဖြစ် ပျံသန်းစဉ် ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်တွင် ရေဒါမှ ပျောက်ကွယ်သွားခဲ့ပြီးနောက် အွန်ဒိုပြည်နယ်၊ အစ်ဘိုကိုဒါဒေသရှိ ရေတပ်စခန်း တစ်ခုအနီးသို့ ပျက်ကျခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘူ က လေယာဉ်ပေါ်ပါသူ ၃၂ ဦးစလုံး သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိတွင် သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များနှင့် လေတပ်တာဝန်ရှိသူများက ရေတပ်စခန်း အနီးဝန်းကျင်၌ ရှာဖွေကယ်ဆယ်ရေးနှင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထွက်ခွာ
Next post သာကေတမြို့နယ်တွင် ငွေကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ