// | DailyBriefNews တစ်လုံး ကျပ် ၇၀၀ အထိ မြင့်တက်ခဲ့သည့် ကြက်ဥဈေးများ အောက်တိုဘာလဆန်းတွင် ကျပ် ၁၀၀ ခန့် ပြန်လည်ကျဆင်း -

တစ်လုံး ကျပ် ၇၀၀ အထိ မြင့်တက်ခဲ့သည့် ကြက်ဥဈေးများ အောက်တိုဘာလဆန်းတွင် ကျပ် ၁၀၀ ခန့် ပြန်လည်ကျဆင်း

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၆

ပြီးခဲ့သည့် ဩဂုတ်နှင့် စက်တင်ဘာလအတွင်း အရွယ်အစားအလိုက် တစ်လုံးလျှင် ကျပ် ၅၅၀ မှ ကျပ် ၇၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သော ကြက်ဥဈေးနှုန်းများမှာ ယခု အောက်တိုဘာလဆန်းပိုင်းမှစ၍ လက်လီလက်ကား ဈေးကွက်အတွင်း တစ်လုံးလျှင် ကျပ် ၁၀၀ ဝန်းကျင် ပြန်လည်ကျဆင်းလာကြောင်း သိရပါတယ်။

ရန်ကုန်ဈေးကွက်အတွင်း အဓိက ဖြန့်ဖြူးရောင်းချနေသည့် ၁၉ ကီလိုမှ ၂၂ ကီလို အရွယ်အစား ကြက်ဥများ၏ လက်ကားဈေးနှုန်းများမှာ အောက်တိုဘာ ၂ ရက်နေ့တွင် အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ၄၂၀ ကျပ်မှ ၅၃၀ ကျပ်အထိ ဖြစ်ပေါ်နေပြီး၊ လက်လီဈေးကွက်တွင် ကျပ် ၄၈၀ မှ ကျပ် ၆၀၀ အကြား ရောင်းချလျက်ရှိပါတယ်။

ဩဂုတ် အကုန်နှင့် စက်တင်ဘာလဆန်းပိုင်းက လက်ကားဈေးပင်လျှင် တစ်လုံး ၅၃၇ ကျပ်မှ ၆၃၀ ကျပ်အထိ မြင့်တက်ခဲ့ဖူးသဖြင့် ယခုအခါ လက်ကားဈေးကွက်၌ပင် တစ်လုံးလျှင် ကျပ် ၈၀ မှ ကျပ် ၁၂၀ အထိ ပြန်လည်သက်သာလာခြင်း ဖြစ်ပါတယ်။ စားသုံးသူ အိမ်ရှင်မများကမူ ယခုကဲ့သို့ ဈေးနှုန်း ပြန်လည်ကျဆင်းလာခြင်းကြောင့် အခြေခံစားသောက်ကုန် စာရိတ် အတန်ငယ် သက်သာသွားသော်လည်း ယခင် ဇွန်လပိုင်းက ဖြစ်ပေါ်ခဲ့သည့် တစ်လုံး ကျပ် ၃၉၀ မှ ၄၅၅ ကျပ်ဝန်းကျင် ဈေးနှုန်းများအထိ ဆက်လက် ကျဆင်းစေချင်ကြကြောင်း ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို နိုင်ငံတော်သမ္မတ လိုက်လံကြည့်ရှုစစ်ဆေး
Next post လုံခြုံရေး စိုးရိမ်ရသည့်အတွက် ဗြိတိန် လေတပ်စခန်းမှ B-1 ဗုံးကြဲလေယာဉ်များကို အမေရိကန် ပြန်လည်ရုပ်သိမ်း