// | DailyBriefNews ပြင်သစ်တွင် အထက်တန်းကျောင်းသားများ၏ ဆန္ဒပြပွဲများကြောင့် စာသင်ကျောင်း ၅၆၀ ကျော် ပိတ်ထားရ -

ပြင်သစ်တွင် အထက်တန်းကျောင်းသားများ၏ ဆန္ဒပြပွဲများကြောင့် စာသင်ကျောင်း ၅၆၀ ကျော် ပိတ်ထားရ

အောက်တိုဘာလ ၃ ရက်၊ ၂၀၂၆

ပြင်သစ်နိုင်ငံတစ်ဝန်းတွင် စာသင်ချိန် များပြားလွန်းခြင်း၊ ပူလောင်လွန်းသည့် စာသင်ခန်းများအပြင် သင်ရိုးပြဋ္ဌာန်းစာအုပ်နှင့် ဆရာ လုံလောက်မှု မရှိခြင်းတို့ကြောင့် အထက်တန်းကျောင်းသားများ၏ ဆန္ဒပြပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ အောက်တိုဘာလ ၂ ရက်နေ့အထိ စာသင်ကျောင်း ၅၆၀ ကျော် ပိတ်ထားရကြောင်း သိရပါတယ်။

လွန်ခဲ့သည့် သီတင်းပတ်က ပါရီဒေသ၌ စတင်ခဲ့သော အဆိုပါ လှုပ်ရှားမှုမှာ နိုင်ငံတစ်ဝန်းသို့ လျှင်မြန်စွာ ကူးစက်သွားခဲ့ပြီး ကျောင်းသားများက ကျောင်းဝင်ပေါက်များကို ပိတ်ဆို့ကာ မီးရှို့မှုများ ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့များ အလွန်အကျွံ သုံးစွဲဖြိုခွင်းခဲ့၍ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ကျောင်းသားများက စွပ်စွဲထားပါတယ်။

ပြင်သစ်အစိုးရက ကျောင်းသားများ၏ မကျေနပ်ချက်များသည် သဘာဝကျသော်လည်း ယခုကဲ့သို့ အကြမ်းဖက် ဆန္ဒပြမှုများကို ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး၊ ပါရီရှိ အထက်တန်းကျောင်း နှစ်ကျောင်း၏ ဝင်ပေါက်များ မီးစွဲလောင်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့က ငြှိမ်းသတ်ခဲ့ရကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်အမှာစကားပြောကြား
Next post နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အပေါ် ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့အရေးယူရန် အမေရိကန် ပြင်ဆင်နေ