မလေးရှားမှ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးအား စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်

အောက်တိုဘာလ ၂ ရက်၊ ၂၀၂၆
မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (စိစစ်ပြီးသူ) ၁,၄၇၆ ဦးကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် တပ်မတော် (ရေ) မှ စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။


အဆိုပါ မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသည့် စစ်ရေယာဉ်များသည် ယမန်နေ့နံနက်ပိုင်းတွင် မြန်မာ့ရေပြင်ပိုင်နက်အတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီး လိုက်ပါလာသူများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိနေကြပါတယ်။


စစ်ရေယာဉ်များသည် မကြာမီရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့ ဆိုက်ရောက်မည်ဖြစ်ပြီး မိဘဆွေမျိုးများနှင့် အမြန်ဆုံး တွေ့ဆုံနိုင်ရန် ဆိပ်ကမ်း၌ သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် မိသားစုဝင်များက အသင့်စောင့်ကြိုနေကြကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
