// | DailyBriefNews ၆၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောက်တိုဘာ ၈ ရက်တွင် စတင်ကျင်းပမည် -

၆၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောက်တိုဘာ ၈ ရက်တွင် စတင်ကျင်းပမည်

photo_2026-10-01_12-13-40

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆

(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ ၈ ရက်မှ ၁၇ ရက်အထိ ၁၀ ရက်ကြာ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးမှ သိရပါတယ်။

အဆိုပါ ပြပွဲတွင် ပုလဲအတွဲ ၇၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ စုစုပေါင်း ၃,၀၇၃ တွဲ (အေအုပ်စု ၃၅၀ တွဲ၊ ဘီအုပ်စု ၁,၂၅၅ တွဲ၊ စီအုပ်စု ၁,၄၆၈ တွဲ) တို့ကို သတ်မှတ်ရက်များအလိုက် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၏ ပြောကြားချက်အရ ရတနာကုန်သည်များအနေဖြင့် အာမခံစပေါ်ငွေနှင့် ကျောက်အတွဲတန်ဖိုးငွေများကို အမေရိကန်ဒေါ်လာ၊ ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစား သို့မဟုတ် မြန်မာကျပ်ငွေများဖြင့် ပေးသွင်းနိုင်မည်ဖြစ်ပါတယ်။ ငွေလဲလှယ်နှုန်းထားများကိုလည်း နိုင်ငံတော် နစ်နာမှုမရှိစေရန်နှင့် ပြိုင်ဆိုင်ဝယ်ယူနိုင်ရန်အတွက် ပြပွဲစတင်သည့် အောက်တိုဘာလ ၈ ရက်နေ့တွင် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက ထုတ်ပြန်သည့် အမြင့်ဆုံး ငွေလဲလှယ်နှုန်းအတိုင်း သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၆၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်မိန့်ခွန်းပြောကြား
Next post Flydubai လေယာဉ်ပေါ်တွင် တွဲဖက်လေယာဉ်မှူးက လေယာဉ်မှူးအား ဓားဖြင့်ထိုးပြီး လေယာဉ်ကို ပျက်ကျစေရန် ကြိုးပမ်းမှုဖြစ်ပွား