// | DailyBriefNews NUG နှင့် PDF များအား ထောက်ပံ့ရန် တရားမဝင် ရွှေနဒီ & Inca Pure အလှကုန်နှင့် ကျောက်မျက်များ ရောင်းချပေးသူများ ဖမ်းဆီးရမိ -

NUG နှင့် PDF များအား ထောက်ပံ့ရန် တရားမဝင် ရွှေနဒီ & Inca Pure အလှကုန်နှင့် ကျောက်မျက်များ ရောင်းချပေးသူများ ဖမ်းဆီးရမိ

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆

NUG နှင့် PDF များအား ငွေကြေးထောက်ပံ့ရန် ရည်ရွယ်၍ တရားခံပြေး သင်းသင်းနွယ်၏ တရားမဝင် ရွှေနဒီ & Inca Pure အလှကုန်ပစ္စည်းများနှင့် ကျောက်မျက်ရတနာများကို ပြည်တွင်း၌ ကူညီရောင်းချပေးသူ ၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် ပြည်ပရောက် တရားခံပြေး သင်းသင်းနွယ်သည် လူမှုကွန်ရက်မှတစ်ဆင့် Shwe Nadi Jewelry နှင့် Inca Pure အလှကုန်များကို ရောင်းချကာ ရရှိလာသည့် ဝင်ငွေများဖြင့် NUG နှင့် PDF အဖွဲ့များအား ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသဖြင့် တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်တွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် လင်းမင်းအောင်၊ နေလင်းဦး၊ တရားခံပြေး သင်းသင်းနွယ်၏ ညီမဖြစ်သူ ဆိုဖီသင်း (ခ) ဆိုဇီသင်း နှင့် ငွေကြေးလွှဲပြောင်းရာတွင် ကြားခံဆောင်ရွက်ပေးသည့် အိအိသူ အပါအဝင် စုစုပေါင်း ၄ ဦးကို စက်တင်ဘာလ ၂၁ ရက်နှင့် ၂၄ ရက်တို့တွင် အသီးသီး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိထားသူများကို တရားဥပဒေအတိုင်း ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အီရတ်မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမှုကြောင့် လုံခြုံရေး လစ်လပ်မှုနှင့် အီရန် ကျောထောက်နောက်ခံပြု အဖွဲ့များ၏ ခြိမ်းခြောက်မှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်
Next post ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအတွက် ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ လှူဒါန်းသည့် APTERR ဆန်တန်ချိန် ၁,၃၀၉ ကျော် လွှဲပြောင်းပေးအပ်