ပါကစ္စတန်စစ်တပ်က အာဖဂန်နစ္စတန်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ အရပ်သားအများအပြား သေဆုံး

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆
ပါကစ္စတန်စစ်တပ်သည် အောက်တိုဘာလ ၁ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန်းပြည်နယ်နှင့် အရှေ့ပိုင်း ကူနားပြည်နယ်တို့အား လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၉ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန်အစိုးရက ပြောကြားလိုက်ပါတယ်။

တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်၏ ပြောကြားချက်အရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများအပြင် နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ရကြောင်း သိရပါတယ်။

ပါကစ္စတန်အစိုးရဘက်ကမူ တိုက်ခိုက်ခဲ့သည့် နေရာအသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အာဖဂန်နစ္စတန်နယ်စပ်အတွင်းရှိ စစ်သွေးကြွများကို ပစ်မှတ်ထား၍ ကြိုတင်ပြင်ဆင် ချိန်ဆတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။

source:AFP
More Stories
ပြင်သစ်သမ္မတ မက်ခရွန်က အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ကို ဝေဖန်လိုက်သလို ပါရီမြို့၏ နေရာအချို့တွင် ဆန္ဒပြမှုများကို တားမြစ်ပိတ်ပင်
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆ ပြင်သစ်နိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေး တောင်းဆိုရာမှစတင်ကာ ဆူပူအုံကြွမှုများ အရှိန်မြင့်တက်လာနေချိန်တွင် ပါရီရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၂ ရက်၌ သမ္မတအိမ်တော်၊ လွှတ်တော်နှင့် Louvre ပြတိုက် အပါအဝင် မြို့တွင်း...
ထိုင်းလက်ဝှေ့ကျော် အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဟောင်း ဆွမ်ရက် ခမ်ဆင်းအား အရွယ်မရောက်သေးသူကို လှည့်ဖြားခေါ်ဆောင်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်
အောက်တိုဘာလာ ၂၂ ရက်၊ ၂၀၂၆ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား လှည့်ဖြားခေါ်ဆောင်သွားသည့် အမှုတွင် အယူခံတရားရုံး အပိုင်း (၄) က အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဟောင်း ထိုင်းလက်ဝှေ့သမား ဆွမ်ရက် ခမ်ဆင်း (Somrak Khamsing)...
ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့တွင် အိမ်ရာအကျပ်အတည်းနှင့် ပတ်သက်သည့် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေ
အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆ ဥရောပနိုင်ငံအများအပြားတွင် အစိုးရများအပေါ် မကျေနပ်မှုများ မြင့်တက်နေချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သော ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့၌ ဈေးနှုန်းသက်သာသော အိမ်ရာများ ရရှိရေးနှင့် အကျပ်အတည်းများကို ဖြေရှင်းပေးရန် တောင်းဆိုသည့် လူထုဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပါတယ်။...
ကနေဒါနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် အယ်လ်ဘာတာပြည်နယ် ဆက်လက်တည်ရှိရန် လူထုဆန္ဒခံယူပွဲက မဲပေးဆုံးဖြတ်
အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆ ကနေဒါနိုင်ငံမှ ခွဲထွက်၍ လွတ်လပ်ရေးရယူရန်အတွက် ဥပဒေရေးရာ လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်မည့် အဆိုပြုချက်နှင့် ပတ်သက်၍ အယ်လ်ဘာတာပြည်နယ်အတွင်း အောက်တိုဘာလ ၁၉ ရက်က ကျင်းပခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် ဒေသခံပြည်သူများက...
ပြင်သစ်နိုင်ငံတွင် ဆန္ဒပြမှုများမှ ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီးနောက် ပါရီမြို့နှင့် အခြားမြို့ကြီးအချို့၌ ညမထွက်ရအမိန့်များ ထုတ်ပြန်
အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆ ပြင်သစ်နိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများမှတစ်ဆင့် ဆူပူအုံကြွမှုများနှင့် ပစ္စည်းလုယက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက ပါရီ၊ လီးလ်နှင့် နိစ်မြို့များအပါအဝင် မြို့ကြီးအချို့၏ သတ်မှတ်နေရာများ၌ ညမထွက်ရအမိန့်များကို အောက်တိုဘာလ ၁၉ ရက်တွင်...
သေဆုံးသွားပြီဆိုသည့် ကောလာဟလများ ထွက်ပေါ်လာပြီးနောက် အဝတ်အထည်နှင့် ဖိနပ်ပြပွဲသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တက်ရောက်ခဲ့မှု ထုတ်ပြန်လာ
အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၆ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၎င်း၏သမီးဖြစ်သူနှင့်အတူ တနင်္လာနေ့ (အောက်တိုဘာ ၁၉ ရက်) က အဝတ်အထည်နှင့် ဖိနပ်ပြပွဲတစ်ခုသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။...
