NUG ၏ PRF ထောက်ပို့အဖွဲ့ဝင် ၂၁ ဦး ဖမ်းဆီးခံရမှု Wave Money Agent စာရင်းများနှင့် ဖုန်းအချက်အလက်များကြောင့်ဟု PRF ထုတ်ပြန်

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆
CRPH, NUG နှင့် PDF များအတွက် ငွေကြေးထောက်ပံ့ပေးနေသည့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အဖွဲ့ဝင် ၂၁ ဦး ဖမ်းဆီးခံရမှုသည် ယခင်ဖမ်းဆီးခံထားရသည့် Wave Money Agent တစ်ဦး၏ စာရင်းများနှင့် ဖမ်းဆီးခံရသူများ၏ ဖုန်းများမှ ရရှိသည့် အချက်အလက်များကြောင့်ဖြစ်ကြောင်း PRF အဖွဲ့က စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က PRF Website မှတစ်ဆင့် ငွေကြေးထောက်ပံ့နေသူ ၂,၇၀၀ ကျော်၏ အချက်အလက်များကို ဖော်ထုတ်ထားနိုင်ပြီး လူ ၁၇ မြို့နယ်မှ ထက်သူအောင်၊ မေရီဆန်စင်၊ မျိုးမြမြတ်ထွန်းကြည် အပါအဝင် ၂၁ ဦးကို ဖမ်းဆီးရမိထားကြောင်း စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် PRF ဘက်မှ ယခုကဲ့သို့ တုံ့ပြန်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

PRF ၏ ထုတ်ပြန်ချက်တွင် ဖမ်းဆီးခံရမှုများသည် ယခင်လများက ရရှိထားသည့် အချက်အလက်များကို စုစည်း၍ ချဲ့ကားထုတ်ပြန်ထားခြင်းသာဖြစ်ပြီး ဖမ်းဆီးခံရသည့် ပြည်သူများအတွက် ဝမ်းနည်းရကြောင်း ဖော်ပြထားပါတယ်။ ထို့ပြင် PRF ထောက်ပို့များ၏ အချက်အလက်များကို ပေးအပ်ခဲ့သည်ဟုဆိုကာ Wave Money နှင့် ရိုးမဘဏ်တို့ကို ရှုတ်ချကြောင်း၊ ထောက်ပို့များအနေဖြင့် ဖုန်းနှင့် ငွေလွှဲမှတ်တမ်း လုံခြုံရေးကို အထူးသတိပြုကြရန် တိုက်တွန်းထားကြောင်း သတင်းရရှိပါတယ်။

