// | DailyBriefNews အောက်တိုဘာ ၂ ရက် ရုံတင်ပြသမည့် “နေမမြင်အင်ပါယာ” ရုပ်ရှင်ဇာတ်ကားကြီး Press Show ကျင်းပ -

အောက်တိုဘာ ၂ ရက် ရုံတင်ပြသမည့် “နေမမြင်အင်ပါယာ” ရုပ်ရှင်ဇာတ်ကားကြီး Press Show ကျင်းပ

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆

Sunday Film Production မှ အထည်ချုပ် စက်ရုံလုပ်သား အမျိုးသမီးများ၏ ဘဝရုန်းကန်လှုပ်ရှားမှုများကို ပုံဖော်ထားသည့် “နေမမြင်အင်ပါယာ” ရုပ်ရှင်ဇာတ်ကားကြီး Press Show ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ နဝဒေးရုပ်ရှင်ရုံ၌ ကျင်းပခဲ့ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို စာရေးဆရာ ဖရော်ဆန်၏ ဝတ္ထုကို မိုးမိုးစောဝင်းက ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်ပါတယ်။ Press Show အခမ်းအနားသို့ ဒါရိုက်တာ မီးပွား၊ လွင်မိုး၊ ဇာဂနာ၊ စိုင်းစိုင်းခမ်းလှိုင်၊ နေမင်း၊ ဖြိုးမြတ်အောင်၊ နေ့သစ်အေးအောင်၊ အေးမြတ်သူ၊ မြတ်သူသူ၊ စိုးမိုးကြည်၊ ဆုထက်ကုဋေ၊ လင်းဇာနည်ဇော်၊ ပန်းရောင်ခြယ်၊ ဝင်းမင်းသန်း စသည့် အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။

ဇာတ်ကားတွင် အကယ်ဒမီ အေးချမ်းမောင်၊ အကယ်ဒမီ အေးမြတ်သူ၊ မြတ်သူသူ၊ သံသာညီ၊ ဆုထက်ကုဋေ၊ ယွန်းမီမီသိမ့်၊ ဗညားဘုန်းပြည့်၊ ရဲလွင်ဦး၊ နေသစ်အေးအောင်၊ ခင်သန်းနွယ်၊ စိုးမိုးကြည်၊ မျိုးမျိုးခိုင်၊ မေသက်ကျော်နှင့် ဆုထက်ထက်ကျော် တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး လာမည့် အောက်တိုဘာလ ၂ ရက်နေ့မှစ၍ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်
Next post ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် ရေကြီးရေလျှံမှုများကြောင့် လူ ၁၃၀ နီးပါး သေဆုံး