// | DailyBriefNews “မြောင်းမြမိမာ” အချစ်ဒရာမာ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ ကျင်းပ -

“မြောင်းမြမိမာ” အချစ်ဒရာမာ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ ကျင်းပ

စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၆

ခွန်သာချို ထုတ်လုပ်ရေး၏ “မြောင်းမြမိမာ” အချစ်ဒရာမာ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ မဟာဝိဇယဘုရား၌ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို ခွန်သာချိုက ဇာတ်လမ်း၊ ဇာတ်ညွှန်း ရေးသားကာ ဒါရိုက်တာ သင်္ဂါက သန်လျင်မြို့ဘက်တွင် ရိုက်ကူးပုံဖော်နေခြင်း ဖြစ်ပါတယ်။ ခွန်သာချိုကိုယ်တိုင် မြောင်းမြမိမာ အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အချစ်ဒရာမာအပြင် ပညာပေးခန်းများပါ ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ ထို့ပြင် ဇာတ်ကားမရိုက်ဖြစ်သည်မှာ ကြာပြီဖြစ်သည့် သရုပ်ဆောင် ရန်ကျော်ကိုလည်း ဖိတ်ခေါ်ရိုက်ကူးထားကြောင်း ခွန်သာချိုက ပြောပါတယ်။

ဇာတ်လမ်းတွဲတွင် ရန်ကျော်၊ သားညီ၊ မင်းသွေးခန့်၊ ရှယု၊ ခိုင်နိုး၊ အဂ္ဂဈာန်၊ အောင်ချမ်းအေး၊ အောင်ကျော်စန်း၊ မိုးပြည့်ပြည့်မောင်၊ အေးသန္တာဗိုလ်၊ မေ့ချစ်သက်၊ မိုးမြင့်မြတ်စိုး၊ အရိုင်း၊ ကျော်ဇင်ထွဋ်၊ သွက်လက်၊ အကယ်ဒမီ နွယ်နွယ်စန်း၊ အကယ်ဒမီ ခင်မိုမိုအေး၊ ဆုရှိုင်း၊ အိမ့်ခြူးပွင့် အပါအဝင် အနုပညာရှင်များစွာ ပါဝင်ကြမည် ဖြစ်ပါတယ်။ သရုပ်ဆောင် ခိုင်နိုးကလည်း ယင်းဇာတ်လမ်းတွဲအတွက် ခံစားချက်ပါဝင်သည့် ဇာတ်ဝင်တေးသီချင်း ၂ ပုဒ် ကိုယ်တိုင်ရေးသားပေးထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နယူးယောက်တိုင်းမ်း၏ နည်းပညာအမှုဆောင်တစ်ဦးကို ယောက္ခမအိုနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်
Next post ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့တွင် သေနတ်ပစ်ခတ်ခံရသူ နှစ်ဦးနှင့် ဓားထိုးခံရသည့် ကျောင်းသားတစ်ဦး ရှိခဲ့