// | DailyBriefNews ပရီးမီးယားလိဂ်၏ စွပ်စွဲချက်များအပေါ် မန်စီးတီး အမှုဆောင်အရာရှိချုပ် ကန့်ကွက်ငြင်းဆန် -

ပရီးမီးယားလိဂ်၏ စွပ်စွဲချက်များအပေါ် မန်စီးတီး အမှုဆောင်အရာရှိချုပ် ကန့်ကွက်ငြင်းဆန်

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၆

မန်ချက်စတာစီးတီး အသင်းသည် ပရီးမီးယားလိဂ်၏ စွပ်စွဲချက် အများအပြားတွင် ပြစ်ဒဏ်ထင်ရှားကြောင်း ဆုံးဖြတ်ခြင်းခံခဲ့ရပြီးနောက် အသင်း၏ အမှုဆောင်အရာရှိချုပ် ဖာရန်ဆိုရီယာနို (Ferran Soriano) က အခြားဥရောပကလပ် အသင်းတာဝန်ရှိသူများအား ယင်းစွပ်စွဲချက်များကို အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကိုပင်ဟေဂင်မြို့၌ ကျင်းပသည့် ဥရောပဘောလုံးကလပ်များအဖွဲ့ (ECA) ၏ ဘုတ်အဖွဲ့အစည်းအဝေးတွင် ဆိုရီယာနိုက ပရီးမီးယားလိဂ်၏ စုံစမ်းစစ်ဆေးမှုမှာ ၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့ရာ ၈ နှစ်ကြာမြင့်ခဲ့ပြီးဖြစ်သလို အမှုကိစ္စပြီးပြတ်ရန် အချိန်များစွာ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းသည် စပွန်ဆာဝင်ငွေများကို လိမ်လည်ဖော်ပြခြင်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းများကို ကျော်လွန်ရန် တရားမဝင် ငွေပေးချေမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက် ၁၁၅ ချက်အနက် အများစုတွင် ပြစ်ဒဏ်ထင်ရှားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိတွင် အခြားပရီးမီးယားလိဂ် ကလပ်အသင်းများက နစ်နာကြေးတောင်းခံနိုင်ရေး ဥပဒေကြောင်းအရ ဆွေးနွေးလျက်ရှိပြီး မန်စီးတီးအသင်းဘက်ကမူ အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ မန်စီးတီး ဥက္ကဋ္ဌ ခါဒွန်းအယ်လ်မဘာရက် (Khaldoon Al Mubarak) ကလည်း အသင်း၏ အပြစ်မရှိကြောင်း သက်သေပြနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ပရိသတ်များထံ အသိပေးထားကာ အမှတ်လျှော့ခံရခြင်း၊ လိဂ်မှ ထုတ်ပယ်ခံရခြင်း သို့မဟုတ် ဒဏ်ငွေအမြောက်အမြား တပ်ရိုက်ခံရခြင်းစသည့် ပြစ်ဒဏ်များ ကြုံတွေ့ရဖွယ် ရှိနေကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post SpaceX ကုမ္ပဏီက ဧရာမ Starship အာကာသယာဉ်ကို ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်
Next post လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဥပဒေ၊ နည်းဥပဒေများကို သေချာစွာ လေ့လာထားရန် ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား