Miss Multicultural World 2026 ပြိုင်ပွဲတွင် Winner ဆုရရှိခဲ့သည့် အလှမယ် စိုးမဉ္ဇူလွင်အား ဂုဏ်ပြုပွဲ ကျင်းပ

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၆
ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် Miss Multicultural World 2026 ပြိုင်ပွဲတွင် Winner ဆုကြီးကို ဆွတ်ခူးရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အလှမယ် စိုးမဉ္ဇူလွင် (Helen) အား ဂုဏ်ပြုသည့် အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီးရှိ ကရဝိတ်နန်းတော်၌ ကျင်းပခဲ့ပါတယ်။

အခမ်းအနားတွင် Miss Multicultural World Myanmar ၏ National Director ဦးကောင်းမြတ်အောင်က အမှာစကား ပြောကြားခဲ့ပြီး Winner ဆုရရှိခဲ့သည့် အလှမယ် စိုးမဉ္ဇူလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။ ဦးကောင်းမြတ်အောင်က အလှမယ် စိုးမဉ္ဇူလွင်၏ ကြိုးစားအားထုတ်မှု၊ ကြံ့ခိုင်မှုတို့ကြောင့် အပြည်ပြည်ဆိုင်ရာ စင်မြင့်ထက်တွင် ယခုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင် ဆုကြီးကို ယူဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၂၀ ရက်မှ ၂၈ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် စိုးမဉ္ဇူလွင်က မြန်မာ့နန်းတွင်း ရိုးရာဝတ်စုံဖြင့် ယှဉ်ပြိုင်ကာ နိုင်ငံတကာ အလှမယ်များကို ကျော်လွန်၍ Winner Crown ဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲတွင် 1st Runner Up ဆုကို ဟွန်ဒူးရပ်စ်၊ 2nd Runner Up ဆုကို ဗီယက်နမ်၊ 3rd Runner Up ဆုကို ဖိလစ်ပိုင်နှင့် 4th Runner Up ဆုကို အမေရိကန်နိုင်ငံ ကိုယ်စားပြု အလှမယ်တို့က အသီးသီး ရရှိခဲ့ကြကြောင်း သတင်းရရှိပါတယ်။
