// | DailyBriefNews အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ တက်ရောက် အမှာစကားပြောကြား -

အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ တက်ရောက် အမှာစကားပြောကြား

စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၆

အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးကို စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါတယ်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက နျူကလီးယားစွမ်းအင် အစီအစဉ်၏ အခြေခံသည် အမျိုးသားအကျိုးစီးပွားဖြစ်ရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ထို့ပြင် မည်သည့်နိုင်ငံ၏ နည်းပညာ သို့မဟုတ် မည်သည့် နိုင်ငံတကာမိတ်ဖက်နှင့် ပူးပေါင်းဆောင်ရွက်သည်ဖြစ်စေ မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင် လိုအပ်ချက်၊ စီးပွားရေးအခြေအနေ၊ နည်းပညာစွမ်းရည်၊ လူ့စွမ်းအားနှင့် လုံခြုံရေးအခြေအနေများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို အဓိကထား သုံးသပ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

source:HOS

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကား ပြောကြား
Next post မုဒုံတွင် ဘောလုံးကွင်းအတွင်း မိုးကြိုးပစ်ချသဖြင့် Lion City ဘောလုံးအသင်းမှ ကစားသမားတစ်ဦး သေဆုံး