// | DailyBriefNews တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ဧည့်ခံပွဲသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက် -

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ဧည့်ခံပွဲသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ ကျင်းပခဲ့ရာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာ-တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း မိတ်ဆွေနိုင်ငံများဖြစ်ပြီး မဟာဗျူဟာကျသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ရှေ့ဆက်၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ပညာရေး စသည့် ကဏ္ဍများတွင် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများကို ပိုမိုတိုးမြှင့်သွားရန် တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအပြင် နိုင်ငံတကာစင်မြင့်တွင် ထောက်ခံကူညီပေးနေမှုများအတွက် များစွာ တန်ဖိုးထားကြောင်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တောင်ဥက္ကလာပ၊ ခုနစ်ဆူ ဘုရားဝန်းရှိ ရေကန်တွင် အဘိုးအိုတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွား
Next post ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ်အား လက်ခံတွေ့ဆုံ