// | DailyBriefNews တောင်ဥက္ကလာပ၊ ခုနစ်ဆူ ဘုရားဝန်းရှိ ရေကန်တွင် အဘိုးအိုတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွား -

တောင်ဥက္ကလာပ၊ ခုနစ်ဆူ ဘုရားဝန်းရှိ ရေကန်တွင် အဘိုးအိုတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွား

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ခုနစ်ဆူဘုရားဝန်းရှိ ရေကန်အတွင်း၌ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်က အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး ရေနစ်သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

သေဆုံးသူမှာ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး၊ ငါးစာလာကျွေးစဉ် ချောမွတ်နေသည့် ကန်ဘောင်ပေါ်မှ ခြေချော်ကျကာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ခန့်မှန်းရပါတယ်။ ရုပ်အလောင်းပေါ်တွင် အခြားပြင်ပဒဏ်ရာများ မတွေ့ရဘဲ ရေထဲ၌ ငါးကိုက်ခံထားရသည့် ဒဏ်ရာများသာ ရှိကြောင်း သိရပါတယ်။

မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား ဆယ်ယူ၍ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ဥက္ကလာပမြို့မ ရဲစခန်းက သေမှုသေခင်း ရေးဖွင့်ကာ စစ်ဆေးလျက်ရှိပါတယ်။ ထို့အပြင် စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းကလည်း ရန်ကင်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်ရှိ အုတ်စီကန်တွင် အမျိုးသားနှစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာဆင်နယ်ကို ချန်ပီယံဖြစ်စေခဲ့သည့် နည်းပြ အာတီတာ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ
Next post တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ဧည့်ခံပွဲသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်