မော်စကိုအပါအဝင် ရုရှားနိုင်ငံအတွင်းသို့ ယူကရိန်းက ဒရုန်းအစင်း ၁,၀၀၀ ကျော်ဖြင့် သမိုင်းတစ်လျှောက် အကြီးမားဆုံး တိုက်ခိုက်

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၆
ရုရှားပါလီမန် ရွေးကောက်ပွဲ နောက်ဆုံးနေ့ကျင်းပနေစဉ် ယူကရိန်းဘက်က မော်စကိုမြို့တော် အပါအဝင် ရုရှားနိုင်ငံအတွင်းသို့ ဒရုန်းအစင်းရေ ၁,၀၀၀ ကျော်ဖြင့် ညပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း စက်တင်ဘာလ ၂၀ ရက်၌ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုသည် မော်စကိုမြို့တော်အတွက် သမိုင်းတစ်လျှောက် အကြီးမားဆုံး ဒရုန်းတိုက်ခိုက်ခံရမှု ဖြစ်ပြီး ရေနံချက်စက်ရုံတစ်ရုံနှင့် လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကာ အနည်းဆုံး ၂ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မော်စကိုဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဗျော့ဗ် က ပြောကြားခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး က ရုရှား၏ စစ်ယန္တရားနှင့် စီးပွားရေးကို ထိခိုက်စေရန်အတွက် ပြည်တွင်းထုတ် Flamingo နှင့် Pelican ဒုံးကျည်များအပါအဝင် ဒရုန်းများဖြင့် ရုရှား၏ ရေနံနှင့် ထောက်ပို့ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
တစ်ဖက်တွင်လည်း ရုရှား၏ တိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ ၁၉ ရက်က ယူကရိန်း၏ ခါဆွန်ဒေသရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ထိမှန်ကာ ၁ ဦး သေဆုံးခဲ့သလို၊ မြို့တော် ကိယက်ဗ်၌လည်း ရုရှား၏ တိုက်ခိုက်မှုကြောင့် မိခင်ဖြစ်သူနှင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိပါတယ်။
