// | DailyBriefNews ထိုင်ဝမ်၊ တိုင်ချွန်မြို့ရှိ ရုံးခန်းရေခဲသေတ္တာအတွင်းမှ ပျောက်ဆုံးနေသည့် ထိုင်းအမျိုးသမီး၏ ရုပ်အလောင်းကို တွေ့ရှိ -

ထိုင်ဝမ်၊ တိုင်ချွန်မြို့ရှိ ရုံးခန်းရေခဲသေတ္တာအတွင်းမှ ပျောက်ဆုံးနေသည့် ထိုင်းအမျိုးသမီး၏ ရုပ်အလောင်းကို တွေ့ရှိ

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၆

ထိုင်ဝမ် (တရုတ်တိုင်ပေ)၊ တိုင်ချွန်မြို့ရှိ နည်းပညာကုမ္ပဏီ ရုံးခန်းတစ်ခု၏ ရေခဲသေတ္တာအတွင်း ခရီးဆောင်အိတ်ဖြင့် ထည့်ထားသည့် အသက် ၃၇ နှစ်အရွယ် ထိုင်းအမျိုးသမီး၏ ရုပ်အလောင်းကို စက်တင်ဘာလ ၁၉ ရက်တွင် တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

သေဆုံးသူမှာ ထိုင်းနိုင်ငံ နာခွန်ရတ်ချာစီမာ ပြည်နယ်မှ ဒွမ်ပွန်အာ့သန် (ခေါ်) အာ့သ် ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်မှစတင်ကာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ ၎င်း၏ ရည်းစားဖြစ်သူ အသက် ၄၃ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား ဝူ ဆိုသူအား လူသတ်မှုဖြင့် စက်တင်ဘာလ ၁၉ ရက် အစောပိုင်းတွင် ဖမ်းဆီးခဲ့ပါတယ်။

တရားခံ ဝူ ၏ ဝန်ခံချက်နှင့် CCTV မှတ်တမ်းများအရ လမ်းခွဲရန် ပြောဆိုရာမှ စကားများကာ အမျိုးသမီးအား လည်ပင်းညှစ် သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းအား ခရီးဆောင်အိတ်အတွင်းထည့်၍ ရုံးခန်းရှိ ရေခဲသေတ္တာထဲသို့ ထည့်ကာ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိတွင် တရားခံအား ထိုင်ဝမ်ရဲတပ်ဖွဲ့က တရားစွဲဆို အရေးယူထားကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post 5G မိုဘိုင်းကွန်ရက်စနစ်များ မကြာမီ စတင်အသုံးပြုနိုင်မည်ဟု ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် ပြောကြား
Next post လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှ နိုင်ငံ့ထုတ်ကုန် တိုးတက်ရေးအတွက် တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံး ပါဝင်နိုင်ရေး ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား