တရုတ်-အာဆီယံနိုင်ငံများအကြား ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၆
တရုတ်-အာဆီယံ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၁၇ ရက်က တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဉာဏ်ရည်တု (AI) နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှုနှင့် လုံခြုံမှုရှိသည့် AI နည်းပညာ ဖြစ်ပေါ်လာရေးတို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိ ဆောင်ရွက်နေမှုများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် နန်နင်းမြို့ရှိ China-ASEAN Information Harbor Co., Ltd. (CAIH) သို့ သွားရောက်လေ့လာခဲ့ပြီး အဆိုပါကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
