// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၆

မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပခရီးစဉ်များမှ အတွေ့အကြုံကောင်းများကို သင်ခန်းစာယူ၍ အတုယူသင့်သည်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မနေ့ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မကြာမီရက်များအတွင်းက ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း အခက်အခဲများနှင့် စိန်ခေါ်မှုများကြားမှ ဒွိုင်မွိုင်း (Doi Moi) စီးပွားရေးပြုပြင်ပြောင်းလဲမှု အပါအဝင် အမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့ကြပုံများကို လေ့လာတွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ၏ စက်မှုနှင့် စိုက်ပျိုးမွေးမြူရေး၊ ကမ္ဘောဒီးယားနိုင်ငံ၏ စပါး၊ ငရုတ်ကောင်းနှင့် သီဟိုဠ်စေ့ စီးပွားဖြစ် ထုတ်လုပ်မှုတို့သည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအပေါ် အခြေခံ၍ တိုးတက်လာခြင်းဖြစ်သည်ဟု ထောက်ပြခဲ့ပါတယ်။

မိမိတို့နိုင်ငံတွင်မူ လွတ်လပ်ရေးရရှိပြီးကတည်းက အကြမ်းဖက်မှုများနှင့် သောင်းကျန်းမှုများကြောင့် အခြေခံအဆောက်အဦများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖျက်ဆီးခံခဲ့ရသဖြင့် နိုင်ငံတည်ဆောက်ရေးမှာ “သမင် မွေးရင်း ကျားစားရင်း” ကဲ့သို့ ဖြစ်ခဲ့ရကြောင်း၊ ထို့ကြောင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသား ပြည်သူများအားလုံး ပါဝင်ကြိုးပမ်းကြရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် အမြဲတမ်း တံခါးဖွင့်ထားကြောင်းလည်း ထည့်သွင်းမှာကြားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပညာရေးကဏ္ဍသစ်အဖြစ် ဖွင့်လှစ်လိုက်သည့်ကျောင်းများတွင် စိတ်ပါဝင်စားစွာ တက်ရောက်လိုသူများကို အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Next post ရန်ကုန်တိုင်းအတွင်း တရားမဝင် အွန်လိုင်းလောင်းကစား ပြုလုပ်သူ တရားခံ ၃၆ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ