// | DailyBriefNews CIA အကြီးအကဲဟောင်းနှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတို့ လိုက်ပါလာသည့် ရထားကို ရုရှား ပစ်မှတ်ထားခဲ့ဖွယ်ရှိဟု ယူကရိန်းဆို -

CIA အကြီးအကဲဟောင်းနှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတို့ လိုက်ပါလာသည့် ရထားကို ရုရှား ပစ်မှတ်ထားခဲ့ဖွယ်ရှိဟု ယူကရိန်းဆို

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၆

ယူကရိန်းနှင့် ပိုလန် နယ်စပ်အနီးတွင် ရုရှား၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ခိုက်မှုမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နှင့် အမေရိကန် CIA အကြီးအကဲဟောင်း ဒေးဗစ်ပက်ထရီးယပ်စ်တို့ လိုက်ပါလာသည့် ရထားကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူကရိန်း အာဏာပိုင်များက ပြောကြားလိုက်ပါတယ်။

ကိယက်ဗ်မြို့၌ ကျင်းပသည့် အစည်းအဝေးတစ်ခုမှ ပြန်လည်ထွက်ခွာလာကြသည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်းနှင့် ဥရောပ ထိပ်တန်းလုံခြုံရေးအရာရှိများ ဖြတ်သန်းသွားပြီး မကြာမီအချိန်အတွင်း အဆိုပါ ရထားလမ်းရှိ ရထားစက်ခေါင်းတစ်စင်းကို ရုရှားဒရုန်း ထိမှန်ခဲ့ခြင်း ဖြစ်ပါတယ်။ သံတမန်များ လိုက်ပါလာသည့် ရထားမှာ အချိန်ဇယား ပြောင်းလဲ၍ စောထွက်သွားခဲ့သည့်အပြင် ထိမှန်ခဲ့သည့် ရထားပေါ်မှ ခရီးသည်များကိုလည်း တိုက်ခိုက်မှု မဖြစ်ပွားမီ ၁၅ မိနစ်အလိုတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သဖြင့် လူအသေအပျောက် မရှိခဲ့ကြောင်း ယူကရိန်းအစိုးရပိုင် မီးရထားကုမ္ပဏီ (Ukrzaliznytsia) က ထုတ်ပြန်ပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကမူ ယူကရိန်းအနောက်ပိုင်းရှိ မီးရထား အခြေခံအဆောက်အအုံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ယူကရိန်းဘက်က သံတမန်များကို ပစ်မှတ်ထားခြင်းဖြစ်နိုင်သည်ဟု တုံ့ပြန်ထားပါတယ်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဘောရစ်ဂျွန်ဆင်နှင့် ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့က ရုရှား၏ အဓိပ္ပာယ်မဲ့ တိုက်ခိုက်မှုများကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး၊ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တာ့စ်ခ်ကလည်း ရုရှား၏ တိုက်ခိုက်မှုများသည် နယ်စပ်နှင့် နီးကပ်လာနေကြောင်း သတိပေးကာ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ-ဂျပန် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နေပြည်တော်၌ ဆွေးနွေး
Next post ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တက်ဂ်ဘောအဖွဲ့ ဂျပန်နိုင်ငံသို့ ထွက်ခွာ