// | DailyBriefNews နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် တွေ့ဆုံဆွေးနွေး -

နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် တွေ့ဆုံဆွေးနွေး

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၆

ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ငြိမ်းချမ်းရေးနန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံဘက်မှလည်း ဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာဒူတာတေးအား ရုံးတင်စစ်ဆေးမှု မပြုလုပ်မီ ထောက်ခံသူများ စုဝေးအင်အားပြသ
Next post မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဖနွမ်းပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်နှင့် ခမည်းတော်ဘုရင် ကျောက်တိုင်တို့၌ လွမ်းသူ့ပန်းခွေချ