ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရပါက အမေရိကန်နိုင်ငံသားတိုင်းအား ဒေါ်လာ ၅,၀၀၀ စီ ပေးမည်ဟု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် ပြောကြား

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၆
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က လာမည့် နိုဝင်ဘာလ ကြားဖြတ်အထွေထွေရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီက လွှတ်တော်နှစ်ရပ်စလုံး၌ အနိုင်ရရှိပါက အရွယ်ရောက်ပြီးသည့် အမေရိကန်နိုင်ငံသားတိုင်းအား ဒေါ်လာ ၅,၀၀၀ စီ ပေးအပ်မည်ဟု စက်တင်ဘာလ ၉ ရက်နေ့က တက္ကဆက်ပြည်နယ်၊ ဒါးလတ်စ်မြို့ရှိ ရီပတ်ဘလီကန် ညီလာခံ၌ မိန့်ခွန်းပြောကြားစဉ် ကတိပြုလိုက်ပါတယ်။
အဆိုပါ “Trump Dividends” ဟု အမည်ပေးထားသည့် အစီအစဉ်သည် အကောင်အထည်ပေါ်လာပါက အရွယ်ရောက်ပြီးသူ ၂၇၀ သန်းနီးပါးအတွက် အမေရိကန်အစိုးရအနေဖြင့် ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံခန့် ကုန်ကျမည်ဖြစ်ပါတယ်။ သမ္မတ ထရမ့်ပ်က ယင်းငွေများကို အမေရိကန်ပြည်ထောင်စု အတွင်း၌သာ သုံးစွဲရမည်ဟု ပြောကြားခဲ့သော်လည်း ရန်ပုံငွေ ရရှိမည့်နည်းလမ်းနှင့် သုံးစွဲမှု စောင့်ကြည့်မည့် ပုံစံများ၏ အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ဒီမိုကရက်များက ယင်းကမ်းလှမ်းချက်ကို “အချည်းနှီးသော ကတိ” ဟု ဝေဖန်ခဲ့ကြပြီး ဥပဒေကြောင်းအရ လွှတ်တော် (ကွန်ဂရက်) ၏ ခွင့်ပြုချက်ရယူရေးနှင့် တရားဝင်မှုဆိုင်ရာ မေးခွန်းများ ပေါ်ပေါက်နေပါတယ်။ ထို့ပြင် အမေရိကန်-အီရန် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုဖြစ်ပွားကာ ကမ္ဘာ့ရေနံဈေးနှင့် အမေရိကန်အတွင်း ကုန်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာ ကတိကဝတ်ပြုမှုအပေါ် ဖြစ်နိုင်ခြေ ရှိမရှိ ပညာရှင်များက စောင့်ကြည့်လျက်ရှိပါတယ်။
